ဘန်ကောက်ကို ခိုးဝင်လာတဲ့ မြန်မာ ၃၀ ကျော် အဖမ်းခံရ

0
284

 

ထိုင်းနိုင်ငံ၊ ဘန်ဖွတ် ဖိဆိုင် ဒိစတြိတ်ရှိ ဘန်ကောက်ဧရိယာအနီး ဘတ်စ်ကားတစ်စီးပေါ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၃၄ ဦးကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။

နခွန် ဆဝမ် ကမ်ပန်ဖတ် လမ်းကြောင်းပေါ်က ဖာဟွန်ယိုထင် စစ်ဆေးရေးဂိတ်မှာ ကားကို ရပ်တန့် စစ်ဆေးရာက အဖမ်းခံရတာ ဖြစ်ပါတယ်။

ကားပေါ် ပါလာတဲ့ မြန်မာ ၄၄ ဦးအနက် ၁၀ ဦးက အလုပ်သမား မှတ်ပုံတင်ရှိပြီးတော့ အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၁၈ ဦး၊ စုစုပေါင်း ၃၄ ဦးက အလုပ်သမားလက်မှတ် မရှိသူတွေ ဖြစ်ပါတယ်။

ဘန်ကောက်မှာ အလုပ်ရမယ်ဆိုလို့ ထိုင်းပွဲစားကို တစ်ဦးလျှင် ဘတ်ငွေ ၉ ထောင်၊ ၁ သောင်း စီပေးခဲ့ရတယ်လို့ အဖမ်းခံရတဲ့ မြန်မာတွေက ထိုင်းရဲတွေကို ပြောပါတယ်။

ကားမောင်းသူ ဖီဖတ် ဆွတ်ဆမ်ရန် (အသက် ၂၉) နှစ်ကိုလည်း ထိုင်းရဲက ဖမ်းဆီးထားပါတယ်။ အဖမ်းခံရတဲ့ မြန်မာတွေကို မြန်မာပြည် ပြန်မပို့ခင် စစ်ဆေးဖို့ ဘန်ဖွတ် ဖိဆိုင် ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)