ဥရောပမှာ COVID-19 ကူးစက် သေဆုံးမှု မြန်ဆန်တာကို WHO စိုးရိမ်နေ

0
194

ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၅ သိန်း အထိရှိလာပြီး သေဆုံးသူ ၃ သောင်းအထိ ရှိလာခြင်းက ကမ္ဘာမှာ COVID-19 ရောဂါကို ထိန်းချုပ်ဖို့ ခက်နေတာ ပြနေတာ ဖြစ်ပါတယ်။

စပိန်မှာ ၂၄ နာရီအတွင်း ဗိုင်းရပ်စ် ကူးစက်သူဟာ ၇ ထောင်ကျော် အထိ ရှိလာပါတယ်။ အခု အမေရိကန်နဲ့ အီတလီပြီးရင် စပိန်က ရောဂါ ကူးစက်မှုမှာ တတိယ လိုက်နေပါတယ်။ မကြာခင်နေ့တွေမှာ ကူးစက်သူ ၁ သန်းအထိ ရှိလာပြီး သေဆုံးသူဟာ ၅ သောင်းအထိ ရှိလာတော့မယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) အကြီးအကဲ တက်ဒရိုစ် အက်ဒါနွမ် ဂေဘရီယာဆက်စ်က ပြောပါတယ်။

COVID-19 စတင်တာ လေးလထဲ ရောက်လာပြီ ဖြစ်ကြောင်း၊ မြန်နှုန့်မြင့် ကူးစက်နှေုမကို အလွန် စိုးရိမ်ကြောင်း WHO အကြီးအကဲက ပြောပါတယ်။ တစ်ကမ္ဘာလုံးအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ ဒီနေ့ ဧပြီလ ၂ ရက်နေ့ နေ့လည်အထိ ၉ သိန်း ၃ သောင်းကျော်လာပြီ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)