
0
641




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အသက် အန္တာရယ်ခြိမ်းခြောက်ခံရတဲ့ မန်ချက်စတာယူနိုက်တက် နောက်ခံလူ လင်ဒီလောဖ့်

အသက် အန္တာရယ်ခြိမ်းခြောက်မှုတွေကြောင့်  မန်ချက်စတာယူနိုက်တက် နောက်ခံလူ လင်ဒီလောဖ့်ဟာ   ဝက်ဖို့ဒ်ကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရတဲ့ ယမန်နေ့ ကကစားခဲ့တဲ့ ပရီးမီယားလိဂ်ပွဲစဉ်ကို  လွဲချော်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် အတွင်း ကစားခဲ့တဲ့ မိခင်နိုင်ငံ ဆွီဒင် လက်ရွေးစင် ပွဲကို မပါဝင်မှုအတွက် လင်ဒီလောဖ့် ကို အသက် အန္တာရယ် ခြိမ်းခြောက်မှု လုပ်ခဲ့တာဖြစ်ပါတယ်။ လင်ဒီလောဖ်ရဲ့ ဇနီးဖြစ်သူ မာဂျာဟာ သမီးဦးလေး မွေးဖွားနေတဲ့အတွက် လင်ဒီလောဖ့် ဟာ ဆွီဒင်ရဲ့နိုင်ငံတကာ ပွဲစဉ်တွေကို လွဲချော်ခဲ့ရတယ်လို့ ဗြိတိန် သတင်းတွေကဖော်ပြပါတယ်။

လူတွေဟာ တစ်ဦးတစ်ယောက်အပေါ် လေးစားမှု မရှိတာကို နားမလည်နိုင်အောင်ဖြစ်ရတယ်လို့   မန်ချက်စတာယူနိုက်တက်နောက်ခံလူ လင်ဒီလောဖ့်ကဆိုပါတယ်။