
0
412




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်ခေတ်အသစ်အမည်ကိုမေ ၁ရက် စတင်သုံးစွဲမယ်

အိမ်ရှေ့မင်းသား နာရူဟီတို နန်းတက်ချိန် မေလ ၁ ရက်နေ့မှာ ဒီအမည်ကို ဘုရင်အသစ်ရဲ့ ခေတ်အမည်အဖြစ် စတင်သုံး စွဲသွားမှာ ဖြစ်ပါတယ်။

ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယော်ရှိဟီဒဲ စူဂါ က အဲဒီအမည်ကို တနင်္လာနေ့မှာ ကြေညာခဲ့တာဖြစ်ပြီး ရှေးအကျဆုံး သမိုင်းဝင် ဂျပန့်ကဗျာပေါင်းချုပ်ထဲကစာလုံးကို သုံးစွဲထားတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ဧကရာဇ်ဘုရင်ကြီး အာကိဟိတို (Akihito) ဟာ လာမယ့် ဧပြီလ (၃၀) ရက်နေ့မှာ ထီးနန်းစွန့်မှာဖြစ်ပြီး အဲဒီအချိန်မှာ လက်ရှိခေတ် ဟေးစေး (Heisei) ကုန်ဆုံးမှာဖြစ်ပါတယ်။

အစိုးရက ဘုရင်အသစ်ရဲ့ ခေတ်အမည်ကို ကြိုတင်ကြေညာ တာဖြစ်ပြီး ကုမ္ပဏီတွေနဲ့ ပြည်သူလူထုတွေအနေနဲ့ အပြောင်းအလဲ အတွက် ပြင်ဆင်ချိန်ရှိအောင် ခုလိုကြိုတင်ကြေညာတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)