ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က သားျဖစ္သူကို စစ္တပ္အႀကီအကဲ ခန္႔

0
886

ကေမာၻဒီယား ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က သားအႀကီးျဖစ္သူကို ကေမာၻဒီယား လက္နက္ကိုင္ တပ္ဖြဲ႕မ်ားရဲ႕ ပူးတြဲ စစ္ဦးစီးခ်ဳပ္အျဖစ္ ခန္႔အပ္လိုက္ပါတယ္။

မိသားစုဝင္ တစ္ဦးကို အခုလို ခန္႔အပ္လိုက္ျခင္းဟာ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္အေနနဲ႔ သူ႔အာဏာကို ခိုင္ၿမဲေအာင္ လုပ္တဲ့ ေနာက္ထပ္ ေျခလွမ္းတစ္ခု ျဖစ္ပါတယ္။ က်န္းမာေရးေၾကာင့္ ခြင့္ယူထားတဲ့ ဗိုလ္ခ်ဳပ္ႀကီး ခြန္ကင္ ေနရာမွာ လက္ရွိ ေလတပ္ ဒု တပ္မႉး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ဟြန္မာနတ္ကို ပူးတြဲစစ္ဦးစီးခ်ဳပ္အျဖစ္ ခန္႔အပ္လိုက္ေၾကာင္း ကေမာၻဒီးယား ကာကြယ္ေရး ဝန္ႀကီးက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီမွာ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က သူ႔သမက္ကို ဒုတိယ ရဲခ်ဳပ္ ရာထူး ခန္႔အပ္ခဲ့ၿပီး မႏွစ္က ဒီဇင္ဘာမွာ သူ႔ရဲ႕ အငယ္ဆံုးသားကိုလည္း ဗိုလ္မႉးႀကီး ရာထူးတိုးျမွင့္ကာ သူ႔ရဲ႕ ကိုယ္ရံေတာ္တပ္မွာ ခန္႔ထားခဲ့ပါေသးတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝန်ကြီးချုပ် ဟွန်ဆန်က သားဖြစ်သူကို စစ်တပ်အကြီအကဲ ခန့်

ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်က သားအကြီးဖြစ်သူကို ကမ္ဘောဒီယား လက်နက်ကိုင် တပ်ဖွဲ့များရဲ့ ပူးတွဲ စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

မိသားစုဝင် တစ်ဦးကို အခုလို ခန့်အပ်လိုက်ခြင်းဟာ ဝန်ကြီးချုပ် ဟွန်ဆန်အနေနဲ့ သူ့အာဏာကို ခိုင်မြဲအောင် လုပ်တဲ့ နောက်ထပ် ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ ကျန်းမာရေးကြောင့် ခွင့်ယူထားတဲ့ ဗိုလ်ချုပ်ကြီး ခွန်ကင် နေရာမှာ လက်ရှိ လေတပ် ဒု တပ်မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဟွန်မာနတ်ကို ပူးတွဲစစ်ဦးစီးချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဝန်ကြီးချုပ် ဟွန်ဆန်က သူ့သမက်ကို ဒုတိယ ရဲချုပ် ရာထူး ခန့်အပ်ခဲ့ပြီး မနှစ်က ဒီဇင်ဘာမှာ သူ့ရဲ့ အငယ်ဆုံးသားကိုလည်း ဗိုလ်မှူးကြီး ရာထူးတိုးမြှင့်ကာ သူ့ရဲ့ ကိုယ်ရံတော်တပ်မှာ ခန့်ထားခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)