ဖခင္က သားျဖစ္သူအတြက္ စတား ဝါး ႐ုပ္ရွင္ထဲကလို အိပ္ခန္းမ်ိဳး ဖန္တီးေပး

0
920

အေမရိကန္၊ အိုကလာဟိုးမားက ဖခင္ျဖစ္သူတစ္ဦးဟာ သားအတြက္ စတား ဝါး ႐ုပ္ရွင္ကားထဲကလို အိပ္ခန္းမ်ိဳး ဖန္တီးေပးထားတဲ့ ဓာတ္ပံုေတြဟာ အင္တာနက္ လူမႈကြန္ရက္မွာ လူႀကိဳက္မ်ားေနပါတယ္။

အသက္ ၃၀ အရြယ္ ဖခင္ျဖစ္သူ ဒဲရစ္ ဝင္းဆက္က ၅ ႏွစ္အရြယ္ သားျဖစ္သူလိုခ်င္တဲ့ Millennium Flacon ထဲကလို အိပ္ခန္းမ်ိဳး နဂါးေငြ႔တန္းထဲ ေရာက္ေနသလို ဖန္တီးတည္ေဆာင္ေပးထားတာ ျဖစ္ပါတယ္။

အဲ့ဒီအိပ္ခန္းကို ၾကမ္းျပင္ကေန ၅ ေပအကြာ ထားကာ မ်က္ႏွာက်က္မွာ ဆြဲၿပီး တည္ေဆာက္ထားတာပါ။ ကေလးငယ္ဟာ သူ႔ရဲ႕ အိပ္ယာေပၚေန တီဗီၾကည့္လုိ႔ ရေအာင္နဲ႔ အဆင္းအတက္ လုပ္လို႔ရတဲ့ ေလွကားကိုလည္း ဖန္တီးေပးထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖခင်က သားဖြစ်သူအတွက် စတား ဝါး ရုပ်ရှင်ထဲကလို အိပ်ခန်းမျိုး ဖန်တီးပေး

အမေရိကန်၊ အိုကလာဟိုးမားက ဖခင်ဖြစ်သူတစ်ဦးဟာ သားအတွက် စတား ဝါး ရုပ်ရှင်ကားထဲကလို အိပ်ခန်းမျိုး ဖန်တီးပေးထားတဲ့ ဓာတ်ပုံတွေဟာ အင်တာနက် လူမှုကွန်ရက်မှာ လူကြိုက်များနေပါတယ်။

အသက် ၃၀ အရွယ် ဖခင်ဖြစ်သူ ဒဲရစ် ဝင်းဆက်က ၅ နှစ်အရွယ် သားဖြစ်သူလိုချင်တဲ့ Millennium Flacon ထဲကလို အိပ်ခန်းမျိုး နဂါးငွေ့တန်းထဲ ရောက်နေသလို ဖန်တီးတည်ဆောင်ပေးထားတာ ဖြစ်ပါတယ်။

အဲ့ဒီအိပ်ခန်းကို ကြမ်းပြင်ကနေ ၅ ပေအကွာ ထားကာ မျက်နှာကျက်မှာ ဆွဲပြီး တည်ဆောက်ထားတာပါ။ ကလေးငယ်ဟာ သူ့ရဲ့ အိပ်ယာပေါ်နေ တီဗီကြည့်လို့ ရအောင်နဲ့ အဆင်းအတက် လုပ်လို့ရတဲ့ လှေကားကိုလည်း ဖန်တီးပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)