ကယ္လီဖိုးနီးယားမွာ လဝက ဥပေဒ ခ်ိဳးေဖာက္မႈနဲ႔ လူ ၂၀၀ ကို ဖမ္းဆီး

0
908

အေမရိကန္၊ ကယ္လီဖိုးနီးယား ေျမာက္ပိုင္းမွာ ၄ ရက္အတြင္း လူဝင္မႈႀကီးၾကပ္ေရး ဥပေဒ ခ်ိဳးေဖာက္မႈနဲ႔ လူ ၂၀၀ ေက်ာ္ကို ဖမ္းဆီးလိုက္ၿပီး ေအာကၠလန္ ၿမိဳ႕ေတာ္ဝန္ရဲ႕ သတိေပးခ်က္ေၾကာင့္ ဖမ္းဆီးတာလို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

ေဖေဖာ္ဝါရီ ၂၅ ရက္ကေန ၂၈ ရက္ေန႔အတြင္း အေမရိကန္ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ အေကာက္ခြန္ အဖြဲ႔က လူ ၂၃၂ ဦးကို ဖမ္းဆီးခဲ့ပါတယ္။ သမၼတ ထရမ့္ အစိုးရက လူဝင္မႈ ႀကီးၾကပ္ေရး မူဝါဒေတြကို တင္းက်ပ္ေနၿပီး ႏိုင္ငံတြင္း တရာမဝင္ ေနထိုင္သူေတြ ေတြရင္ အေရးယူမယ္လို႔ ေၾကညာထားပါတယ္။

ေအာကၠလန္ ၿမိဳ႕ေတာ္ဝန္ လစ္ဘီ ရွာအက္ဖ္က လူဝင္မႈႀကီးၾကပ္ေရး လုပ္ေဆာင္ရမႈေတြဟာ ေအာကၠလန္ အပါအဝင္ ဆန္ဖရန္စစၥကို ဧရိယာမွာ အႏၱရာယ္က်ေရာက္ေနတယ္လုိ႔ ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔က တြစ္တာမွာ ေရးသားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကယ်လီဖိုးနီးယားမှာ လဝက ဥပဒေ ချိုးဖောက်မှုနဲ့ လူ ၂၀ဝ ကို ဖမ်းဆီး

အမေရိကန်၊ ကယ်လီဖိုးနီးယား မြောက်ပိုင်းမှာ ၄ ရက်အတွင်း လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုနဲ့ လူ ၂၀ဝ ကျော်ကို ဖမ်းဆီးလိုက်ပြီး အောက္ကလန် မြို့တော်ဝန်ရဲ့ သတိပေးချက်ကြောင့် ဖမ်းဆီးတာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်ကနေ ၂၈ ရက်နေ့အတွင်း အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနှင့် အကောက်ခွန် အဖွဲ့က လူ ၂၃၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ သမ္မတ ထရမ့် အစိုးရက လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေကို တင်းကျပ်နေပြီး နိုင်ငံတွင်း တရာမဝင် နေထိုင်သူတွေ တွေရင် အရေးယူမယ်လို့ ကြေညာထားပါတယ်။

အောက္ကလန် မြို့တော်ဝန် လစ်ဘီ ရှာအက်ဖ်က လူဝင်မှုကြီးကြပ်ရေး လုပ်ဆောင်ရမှုတွေဟာ အောက္ကလန် အပါအဝင် ဆန်ဖရန်စစ္စကို ဧရိယာမှာ အန္တရာယ်ကျရောက်နေတယ်လို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)