
0
891




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကယ်ဆယ်ရေးအပြီး တွဲဖက်လေယာဉ်မှူး လုပ်ခဲ့တဲ့ ချင်ပန်ဇီ မျောက်ငယ်

ကွန်ဂိုနိုင်ငံက ဗူရွန်ဂါ အမျိုးသား ဥယျာဉ်က လေယာဉ်မှူး အန်တိုနီ ကေရီဟာ အမဲလိုက်သူတွေ လက်ထဲကနေ ချင်ပန်ဇီ မျောက်ငယ် တစ်ကောင်ကို ကယ်ဆယ်ပြီး လေယာဉ်နဲ့ ခေါ်ဆောင်လာခဲ့ပါတယ်။

မက်ဆာလို့ အမည်ပေးထားတဲ့ ချင်ပန်ဇီ မျောက်ငယ်ကို အန်တိုနီ ကေရီက ပေါင်ပေါ်တင်ပြီး လေယာဉ်မောင်းလာတဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရှုသူ သောင်းနဲ့ချီပြီး ရှိခဲ့ပါတယ်။ မက်ဆာဟာ လေယာဉ် ထိန်းချုပ်ရေး ခလုတ်တွေကို ဆော့ကစားရင်း တွဲဖက် လေယာဉ်မှူး လုပ်လာခဲ့ပါတယ်။

လေယာဉ်မှူး အန်တိုနီက မက်ဆာရဲ့ အဖေလိုမျိုး သူ့ကို ပွတ်သပ်ပေးတာတွေ လုပ်ပေးတာကို ဗီဒီယိုဖိုင်ထဲမှာ မြင်ရပါတယ်။ ချင်ပန်ဇီလေးဟာ သန်ထတဲ့ ရောဂါ ခံစားနေရပြီး ကယ်ဆယ်ပြီးတဲ့နောက် ကစားနိုင်၊ ရယ်နိုင်လာတယ်လို့ ကယ်သူတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)