
0
883




>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ကိုရီးယား အထူးကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားကို စေလွှတ်မယ်

ပိုပြီး အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ အထူးကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ မြောက်ကိုရီးယားကို စေလွှတ်ဖို့ တောင်ကိုရီးယား သမ္မတ မွန် ဂျေအင်းက စီစဉ်နေပါတယ်။

ဒီဆွေးနွေးမှုတွေကနေ မြောက်ကိုရီးယား လက်နက်ဖျက်သိမ်းရေးအထိ တိုးတက်ဆွေးနွေးနိုင်ဖို့ တောင်ကိုရီးယားက မျှော်လင့်နေတာ ဖြစ်ပါတယ်။

သမ္မတ မွန်က အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်နဲ့ မိနစ် ၃၀ ကြာ ဖုန်းပြောဆိုမှုအတွင်း အခုအစီအစဉ်ကို ချပြခဲ့တယ်လို့ သမ္မတရုံးက မနေ့က မတ်လ ၁ ရက်မှာ ပြောပေမယ့် သမ္မတ ထရမ့်က ဘယ်လို တုံ့ပြန်တယ်ဆိုတာတော့ ပြောဆိုခြင်း မရှိပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)