မူးယစ္ေဆးဝါး စစ္ပြဲ စံုစမ္းစစ္ေဆးမႈေတြမွာ မပါဝင္ဖို႔ ရဲေတြကို သမၼတ ဒူတာေတး အမိန္႔ေပး

0
915

ႏိုင္ငံတကာ စံုစမ္းစစ္ေဆးဖို႔ ေတာင္းဆိုမႈေတြ ရွိေပမယ့္ ေသြးစြန္းတဲ့ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရး စစ္ပြဲကို စံုစမ္းစစ္ေဆးမႈေတြမွာ ရဲနဲ႔ စစ္သားေတြ ပူးေပါင္းပါဝင္မႈ မလုပ္ဖို႔ ဖိလစ္ပိုင္ သမၼတ ႐ိုဒရီဂို ဒူတာေတးက အမိန္႔ေပးလိုက္ပါတယ္။

၂၀၁၆ ခုႏွစ္မွာ သမၼတ ဒူတာေတး တာဝန္ယူၿပီးေနာက္ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရး စစ္ပြဲအတြင္း ရဲေတြရဲ႕ သတ္ျဖတ္မႈေၾကာင့္ လူ ၄ ေထာင္ေက်ာ္ ေသဆံုးခဲ့ၿပီး အေနာက္ႏိုင္ငံေတြနဲ႔ လူ႔အခြင့္အေရး အဖြဲ႔ေတြက ေဝဖန္ေနၾကပါတယ္။ ရာနဲ႔ခ်ီတဲ့ မူးယစ္ေဆးဝါး သံုးစြဲသူေတြဟာလည္း အမည္မသိ ေသနတ္သမားေတြေၾကာင့္ ေသဆံုးခဲ့ပါတယ္။

လူ႔အခြင့္အေရးသမားေတြ၊ အထူးကိုယ္စားလွယ္ေတြ လာရင္ အမိန္႔ေပးထားခ်င္တာက ဘာမွ မေျဖဖို႔ပဲ၊ စိတ္႐ႈပ္မခံနဲ႔လို႔ သမၼတ ဒူတာေတးက ဒါဗာအိုမွာ ေျပာတဲ့ မေန႔က မတ္လ ၁ ရက္ေန႔မိန္႔ခြန္းမွာ ေျပာသြားတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

မူးယစ်ဆေးဝါး စစ်ပွဲ စုံစမ်းစစ်ဆေးမှုတွေမှာ မပါဝင်ဖို့ ရဲတွေကို သမ္မတ ဒူတာတေး အမိန့်ပေး

နိုင်ငံတကာ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုမှုတွေ ရှိပေမယ့် သွေးစွန်းတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲကို စုံစမ်းစစ်ဆေးမှုတွေမှာ ရဲနဲ့ စစ်သားတွေ ပူးပေါင်းပါဝင်မှု မလုပ်ဖို့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက အမိန့်ပေးလိုက်ပါတယ်။

၂၀၁၆ ခုနှစ်မှာ သမ္မတ ဒူတာတေး တာဝန်ယူပြီးနောက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲအတွင်း ရဲတွေရဲ့ သတ်ဖြတ်မှုကြောင့် လူ ၄ ထောင်ကျော် သေဆုံးခဲ့ပြီး အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်နေကြပါတယ်။ ရာနဲ့ချီတဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေဟာလည်း အမည်မသိ သေနတ်သမားတွေကြောင့် သေဆုံးခဲ့ပါတယ်။

လူ့အခွင့်အရေးသမားတွေ၊ အထူးကိုယ်စားလှယ်တွေ လာရင် အမိန့်ပေးထားချင်တာက ဘာမှ မဖြေဖို့ပဲ၊ စိတ်ရှုပ်မခံနဲ့လို့ သမ္မတ ဒူတာတေးက ဒါဗာအိုမှာ ပြောတဲ့ မနေ့က မတ်လ ၁ ရက်နေ့မိန့်ခွန်းမှာ ပြောသွားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)