ထိုင္းမွာ ႏိုင္ငံေရးပါတီေတြကို မွတ္ပံုတင္ႏိုင္ၿပီ

0
862

ထိုင္းႏိုင္ငံမွာ ၂၀၁၄ ခုႏွစ္ အာဏာသိမ္းမႈေနာက္ပိုင္း ပထမဆံုးအႀကိမ္အျဖစ္ ေရြးေကာက္ပြဲ ေကာ္မရွင္က ႏိုင္ငံေရးပါတီေတြကို မွတ္ပံုတင္ခြင့္ ေပးလိုက္ရာ ဒီေန႔ မတ္လ ၂ ရက္ေန႔မွာ ပါတီ ၃၄ ခု မွတ္ပံု လာတင္ၾကပါတယ္။

စစ္တပ္အႀကီးအကဲေဟာင္း လက္ရွိ ဝန္ႀကီးခ်ဳပ္ ပရာယြတ္ ခ်န္အိုခ်ာက အေထြေထြေရြးေကာက္ပြဲကို ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလထက္ ေနာက္မက်ဘဲ က်င္းပေပးမယ္လို႔ ေၾကညာလိုက္ၿပီးေနာက္ အခုလို ပါတီေတြ စတင္ မွတ္ပံုတင္ခြင့္ ျပဳလိုက္တာ ျဖစ္ပါတယ္။

ဘန္ေကာက္ၿမိဳ႕ ေျမာက္ပိုင္းမွာရွိတဲ့ ေရြးေကာက္ပြဲ ေကာ္မရွင္ ႐ံုးခ်ဳပ္မွာ ပါတီ မွတ္ပံုတင္သစ္ တင္မယ့္ သူေတြက စာရြက္စာတမ္းေတြ ယူေဆာင္ၿပီး ေရာက္ရွိလာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းမှာ နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်နိုင်ပြီ

ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခွင့် ပေးလိုက်ရာ ဒီနေ့ မတ်လ ၂ ရက်နေ့မှာ ပါတီ ၃၄ ခု မှတ်ပုံ လာတင်ကြပါတယ်။

စစ်တပ်အကြီးအကဲဟောင်း လက်ရှိ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက အထွေထွေရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလထက် နောက်မကျဘဲ ကျင်းပပေးမယ်လို့ ကြေညာလိုက်ပြီးနောက် အခုလို ပါတီတွေ စတင် မှတ်ပုံတင်ခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့ မြောက်ပိုင်းမှာရှိတဲ့ ရွေးကောက်ပွဲ ကော်မရှင် ရုံးချုပ်မှာ ပါတီ မှတ်ပုံတင်သစ် တင်မယ့် သူတွေက စာရွက်စာတမ်းတွေ ယူဆောင်ပြီး ရောက်ရှိလာပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)