အိုးအိမ်မဲ့တစ်ဦးရဲ့ ကြိုးပမ်းမှုကြောင့် လူထောင်နဲ့ ချီပြီး HIV ကို ကာကွယ်နိုင်

0
276

အင်္ဂလန်နိုင်ငံက အိုးအိမ်မဲ့တစ်ဦးဖြစ်တဲ့ ဂရက်အိုဝင်ကြောင့် လူထောင်နဲ့ချီပြီးအိတ်စ်အိုင်ဗွီရောဂါကနေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က အင်္ဂလန်နိုင်ငံမှာ အိတ်စ်အိုင်ဗွီရောဂါ ကူးစက်ခံရတဲ့ မိန်းမလျာအရေအတွက်ဟာ အရင်နှစ်ကနဲ့ နှိုင်းယှဉ်ရင် သုံးပုံ တစ်ပုံခန့် လျော့ကျသွားခဲ့ပါတယ်။

အဆိုပါလျော့ကျမှုပမာဏက လန်ဒန်မြို့မှာပိုသိသာပြီး ၄၀ ရာခိုင်းနူန်းလျောကျမှုရှိခဲ့ပါတယ်။ အခုလိုလျော့ကျသွားမှုဟာ အိုးအိမ်မဲ့တစ်ဦးဖြစ်တဲ့ လိင်လုပ်သားဟောင်း တစ်ဦးဖြစ်သူ ဂရက်အိုဝင်ရဲ့ စွမ်းဆောင်မှုကြောင့် အဓိက ဖြစ်ခဲ့ပါတယ်။

သူ့ရဲ့လုပ်ဆောင်မှုဟာ Dallas Buyers Club ရုပ်ရှင်ဇာတ်ကားထဲက ရွန်ဝုဒ်ရုဖ်ရဲ့လုပ်ဆောင်မှုကို အတုယူလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့စွမ်းဆောင်မှုကြောင့် လူပေါင်းထောင်နဲ့ချီပြီး ကိုယ်ခံအားကျဆင်းမှုရောဂါ ကူးစက်မယ့်အန္တရာယ်က နေလွတ်မြောက်ခဲ့ရပါတယ်။ ဒီလိုစွမ်းဆောင်မှုမှာ Truvada လို့ခေါ်တဲ့ဆေးဝါးက အဓိကဖြစ်ပြီး အိတ်စ်အိုင်ဗွီပိုးကူးစက်မခံရ သေးတဲ့သူက နေ့စဉ်ပုံမှန်သောက်သုံးသွားမယ်ဆိုရင် ဗိုင်းရပ်စ် ကူးစက်မှုကနေ လွတ်ကင်းစေမှာဖြစ်ပါတယ်။

သူကိုယ်တိုင် အိတ်စ်အိုင်ဗွီပိုး ကူးစက်ခံနေရပြီဆိုတာကို သိရှိပြီးတဲ့နောက်မှာ အိုဝင်က ၀က်ဆိုက်ဒ်တစ်ခု ထောင်ခဲ့ပြီး ဒေါ်လာ ၆၀၀ နဲ့ ၀ယ်ယူရတဲ့ဆေးကို လူအများဈေးသက်သက် သာသာနဲ့ ၀ယ်သုံးနိုင်အောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အင်္ဂလန်ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းကြီးဖြစ်တဲ့ NHS ကိုလည်း ဆေးဝါးကို ဈေးသက်သာအောင် လုပ်ဖို့အတွက် အိုဝင်က ဆွဲဆောင် စည်းရုံးခဲ့ပါတယ်။ သူလှုံ့ဆော်ခဲ့တဲ့အတိုင်း ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းမှာ ဖြစ်လာခဲ့ပြီးသူ့ရဲ့အောင်မြင်မှုက အွန်လိုင်းမှာ ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)