ဆီးရီးယားပဋိပက္ခမှာ နှစ်ဘက်စလုံး စစ်ရာဇ၀တ်မှု ကျုးလွန်ကြောင်း ကုလပြော

0
270

ပြီးခဲ့တဲ့နှစ်က အလက်ပိုမြို့တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့တပ်ဖွဲ့တွေ အကုန်လုံးက စစ်ရာဇ၀တ်မှုတွေ ကျုးလွန်ခဲ့ပြီး ဆီးရီးယားပြည်သူတွေ သားကောင်ဘ၀ ကျရောက်ခဲ့ရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးသူတွေက ပြောကြားလိုက်ပါတယ်။

ဆီးရီးယားအစိုးရနဲ့ မဟာမိတ်ရုရှားတို့က နေ့စဉ်လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ရာနဲ့ချီပြီး သေဆုံးခဲ့ရကြောင်း လူ့အခွင့် အရေးအဖွဲ့ရဲ့အစီရင်ခံစာအသစ်အရ သိရှိရပါတယ်။ အစိုးရစစ်တပ်က ကလိုရင်းဗုံးတွေကြဲချတာကြောင့် ရာနဲ့ချီတဲ့အရပ်သားတွေ သေဆုံးခဲ့ရတယ်လို့ အဲဒီအစီရင်ခံစာက စွပ်စွဲဖော်ပြထားပါတယ်။

အစိုးရချုပ်ကိုင်ထားတဲ့ ဧရိယာတွေမှာ သူပုန်တွေက ခွဲခြားမှုမရှိ ဘဲ ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အပြင် လူသားဒိုင်းတွေအဖြစ်လည်း အရပ်သားတွေကို အသုံးချခဲ့တယ်လို့ အစီရင်ခံစာမှာဖော် ပြခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်းမှာ သူပုန်တွေဝင်စီးနေတဲ့အလက်ပိုမြို့ကနေ ဆုတ်ခွာသွားလို့ တိုက်ပွဲအဆုံးသတ်ခဲ့ပေမယ့် အတင်းအကြပ် ရွေ့ပြောင်းခံရသူတွေရှိကြောင်းလည်း စုံစမ်းစစ်ဆေးသူတွေက ဆိုထားပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ဆီးရီးယားနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးကော်မရှင်က စစ်ဆေးရေးအရာရှိတွေက နိုင်ငံတွင်းမှာ မျက်မြင်သက်သေရာနဲ့ချီပြီး တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ဂြိုလ်တုဓါတ်ပုံနဲ့ ပေါက်ကွဲမှုအပိုင်းအစတွေကို လည်း စစ်ဆေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၆လအတွင်း အလက်ပိုမြို့တိုက်ပွဲအတွင်းပိတ်မိနေခဲ့တဲ့ အရပ်သားတွေဟာ အစိုးရတပ်နဲ့ သူပုန်တပ်ဖွဲ့နှစ်ဖက်စလုံးရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ သားကောင်တွေဖြစ်ခဲ့ရတယ်ဆိုတာကို စုံစမ်းစစ်ဆေးရေးသမားတွေ က တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)