LOL လုပ်ကြံသတ်ဖြတ်ရေး သမားကို ကျည်ကာဝတ်ပေးပြီး တရားရုံးထုတ်

0
323

မတ်လ (၁)ရက်နေ့မှာ ဒွန်သီဟောင်ကို ကင်ဂျုံနန်သေဆုံးမှုအတွက် အရေးယူလိုက်ပြီဖြစ်ပါတယ်။ လေဆိပ်လုံခြုံရေး ကင်မရာဓာတ်ပုံကြောင့် အွန်လိုင်းမှာ LOL လုပ်ကြံသတ်ဖြတ်ရေးသမားလို့ သူမကို လူသိများခဲ့ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့အဖေတူအမေကွဲအစ်ကိုဖြစ်သူကို ပြီးခဲ့တဲ့နှစ်ပတ်ခန့်က သတ်ဖြတ်ခဲ့မှုအတွက် မတ် (၁)ရက်နေ့က တရားစီရင်မှုအပြီးမှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ တရားရုံးကနေ ပြန်ခေါ်လာချိန်မှာ သူမဟာ ငိုကြွေးထားတဲ့ပုံစံ ဖြစ်နေပြီး ကျည်ကာဝတ်ပေး ထားတာကိုလည်း တွေ့ရပါတယ်။

တရားရုံးမှာတော့ သူမရဲ့ပုံစံက တည်ငြိမ်မှုရှိခဲ့ပါတယ်။ ဒါပေမဲ့ အ၀ါရောင်တီရှပ်နဲ့ ဂျင်းဘောင်ဘီဝတ်ထားတဲ့ ဗီယက်နမ်အမျိုးသ မီးဒွန်သီဟောင်ဟာ ဓါတ်ပုံသမားနဲ့ သတင်းထောက်တွေအများကြီး ၀ိုင်းအုံနေတာကို ငိုကြွေးထားတဲ့မျက်လုံးတွေနဲ့ ကြည့်နေခဲ့ပြီး သူမရဲ့ဆေးဆိုးထားတဲ့ဆံပင်ပုံစံကလည်း ဖွာလန်ကြဲနေခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)