ကင်ဂျုံနန်အမှု သံသယတရားခံ မြောက်ကိုရီးယားကို တရားသေလွှတ်

0
309

ကင်ဂျုံနန်သေဆုံးမှုနဲ့ ပတ်သက်ပြီး မလေးရှားက ဖမ်းဆီးထားခဲ့တဲ့ မြောက်ကိုရီးယားလူမျိုးကို တရားသေလွှတ်ပေးခဲ့ပြီး မနက် ဖြန်မှာ ပြည်နှင်ဒဏ် ပေးမှာဖြစ်ပါတယ်။

မလေးရှားတရားသူကြီးချုပ် မိုဟာမက်အပန်ဒီအလီက အဆိုပါကိုရီးယားလူမျိုး ရီချောင်ချိုလ်ကို အရေးယူဖို့ အတွက် သက်သေ အထောက်အထား မခိုင်မာကြောင်း ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့အဖေတူအမေကွဲ အစ်ကိုဖြစ်သူ ကင်ဂျုံနန်ဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကသေဆုံး ခဲ့တာဖြစ်ပါတယ်။ သူဟာ ဓါတုလက်နက်လို့ သတ်မှတ်ပြီးပိတ်ပင်ခံထားရတဲ့ ဗွီအိတ်ဇ်အဆိပ်သင့်ပြီး သေဆုံးခဲ့ရတာဖြစ်ပါတယ်။
မနေ့က အမျိုးသမီးနှစ်ဦးကို အဆိုပါလူသတ်မှုအတွက် ရုံးတင်တရားစွဲဆိုခဲ့ပါတယ်။

မလေးရှားအာဏာပိုင်တွေဟာ လူသတ်မှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သံသယရှိတဲ့ သံရုံးအရာရှိတွေအပါအ၀င် မြောက်ကိုရီးယား နိုင်ငံသား အတော်များများနောက်ကို အပြင်းအထန်လိုက်ခဲ့ပါတယ်။

ဒါ့အပြင် လုံခြုံရေးအရဆိုပြီး မြောက်ကိုရီးယားနိုင်ငံသားတွေရဲ့ဗီဇာကင်းလွတ်ခွင့်ကို ယနေ့မတ်လ (၂)ရက်နေ့မှာ ရုပ်သိမ်းလိုက် ပါတယ်။
ဒါပေမဲ့ နှစ်နိုင်အကြားက အပြန်အလှန်သဘောတူညီချက်အရ လက်ရှိအချိန်မှာ မြောက်ကိုရီးယားတွေဟာ မလေးရှားကို ဗီဇာမ ပါဘဲ ရက် ၃၀ အထိ လာရောက်လည်ပတ်ခွင့်တော့ ရှိနေပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)