ထိုင္းမွာဖမ္းမိတဲ့ ဂ်ပန္ ရာကူဇာ ဂိုဏ္းသားကို ဂ်ပန္ႏိုင္ငံ ျပန္ပို႔

0
1981

ဂ်ပန္ႏိုင္ငံမွာ လြန္ခဲ့တဲ့ ၁၅ ႏွစ္က အုပ္စုဖြဲ႔ လူသတ္မႈနဲ႔ စြပ္စြဲခံရၿပီး ထုိင္းႏုိင္ငံကို ထြက္ေျပး တိမ္းေရွာင္လာတဲ့ အသက္ ၇၄ ႏွစ္အရြယ္ ဂ်ပန္အမ်ိဳးသားကုိ ထိုင္းအစိုးရက ေဖေဖာ္ဝါရီ ၁ ရက္မွာ  ဂ်ပန္ႏိုင္ငံဆီ ျပန္ပို႔လုိက္တယ္လို႔ မီဒီယာေတြက ေဖာ္ျပပါတယ္။

ရွိငဲဟ႐ုရွိ႐ုိင္းကို ထုိင္းႏုိင္ငံ ေလာ့ဘူရီခ႐ိုင္မွာ ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁၀ ရက္ေန႔ ဖမ္းမိခဲ့တာ ျဖစ္တယ္လို႔ မီဒီယာေတြက ေဖာ္ျပပါတယ္။ ဂ်ပန္ႏုိင္ငံသားရဲ႕ ေဆးမင္ေၾကာင္ေတြက လူမႈကြန္ရက္ေပၚမွာ လူသိမ်ားခဲ့ၿပီးေနာက္ အခုလို ဖမ္းဆီးခံရတာ ျဖစ္ပါတယ္။

ရွိငဲဟ႐ုရွိ႐ုိင္းဟာ  ၂၀၀၃ ခုႏွစ္က ဂိုဏ္းေခါင္းေဆာင္ တေယာက္ကို သတ္ရာမွာ ပါတဲ့ ဂိုဏ္းသား ၈ ဦးအနက္ ၁ ဦး ျဖစ္တယ္လို႔ စြပ္စြဲခံထားရပါတယ္။ တျခား ၇ ေယာက္ အဖမ္းခံရၿပီး ျဖစ္ေပမယ့္  ရွိငဲဟ႐ုရွိ႐ုိင္းေတာ့ ထိုင္းႏိုင္ငံကို ၂၀၀၅ ခုႏွစ္မွာ ထြက္ေျပးလာခဲ့တာ ျဖစ္ပါတယ္။

စစ္ေမးခ်က္ေတြအရ  ရွိငဲဟ႐ုရွိ႐ုိင္းနဲ႔ ေသဆံုးခဲ့သူ ဂိုဏ္းေခါင္းေဆာင္ၾကား ျပႆနာေတြ ရွိခဲ့ၿပီး ေသဆံုးခဲ့သူကို သတ္ဖုိ႔ ႀကံစည္ခဲ့ဖူးတယ္လို႔ မီဒီယာေတြက ေဖာ္ျပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းမှာဖမ်းမိတဲ့ ဂျပန် ရာကူဇာ ဂိုဏ်းသားကို ဂျပန်နိုင်ငံ ပြန်ပို့

ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၅ နှစ်က အုပ်စုဖွဲ့ လူသတ်မှုနဲ့ စွပ်စွဲခံရပြီး ထိုင်းနိုင်ငံကို ထွက်ပြေး တိမ်းရှောင်လာတဲ့ အသက် ၇၄ နှစ်အရွယ် ဂျပန်အမျိုးသားကို ထိုင်းအစိုးရက ဖေဖော်ဝါရီ ၁ ရက်မှာ ဂျပန်နိုင်ငံဆီ ပြန်ပို့လိုက်တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

ရှိငဲဟရုရှိရိုင်းကို ထိုင်းနိုင်ငံ လော့ဘူရီခရိုင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ ဂျပန်နိုင်ငံသားရဲ့ ဆေးမင်ကြောင်တွေက လူမှုကွန်ရက်ပေါ်မှာ လူသိများခဲ့ပြီးနောက် အခုလို ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

ရှိငဲဟရုရှိရိုင်းဟာ ၂၀ဝ၃ ခုနှစ်က ဂိုဏ်းခေါင်းဆောင် တယောက်ကို သတ်ရာမှာ ပါတဲ့ ဂိုဏ်းသား ၈ ဦးအနက် ၁ ဦး ဖြစ်တယ်လို့ စွပ်စွဲခံထားရပါတယ်။ တခြား ၇ ယောက် အဖမ်းခံရပြီး ဖြစ်ပေမယ့် ရှိငဲဟရုရှိရိုင်းတော့ ထိုင်းနိုင်ငံကို ၂၀ဝ၅ ခုနှစ်မှာ ထွက်ပြေးလာခဲ့တာ ဖြစ်ပါတယ်။

စစ်မေးချက်တွေအရ ရှိငဲဟရုရှိရိုင်းနဲ့ သေဆုံးခဲ့သူ ဂိုဏ်းခေါင်းဆောင်ကြား ပြဿနာတွေ ရှိခဲ့ပြီး သေဆုံးခဲ့သူကို သတ်ဖို့ ကြံစည်ခဲ့ဖူးတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)