IS အၾကမ္းဖက္ အဖြဲ႔လို႔ သံသယရွိသူေတြကို ႐ုရွား ဖမ္းဆီး

0
1777

ေမာ္စကိုၿမိဳ႕ ရဲစံုေထာင္ေတြက IS အစၥလာမ္ အၾကမ္းဖက္ အဖြဲ႔ဝင္ေတြလုိ႔ သံယရွိသူေတြ ရွိတဲ့ေနရာကို ဝင္ေရာက္စီးနင္းခဲ့ၿပီး တုိက္ခုိက္မႈေတြ ျဖစ္လာမွာကို ဟန္႔တားႏုိင္ခဲ့တယ္လို႔ ႐ုရွား လံုၿခံဳေရးေအဂ်င္စီက ေျပာပါတယ္။  

႐ုရွားႏုိင္ငံမွာ ေအာက္တုိဘာ ၃ ရက္ေန႔မွာ က်င္းမယ့္ ေရြးေကာက္ပြဲကို IS အၾကမ္းဖက္အဖြဲ႔က တုိက္ခိုက္ဖို႔ ႀကံစည္မႈေတြ ရွိေနတာေၾကာင့္ အခုလိုိ ဖမ္းဆီးႏုိင္ခဲ့တာ ျဖစ္တယ္လို႔ ႐ုရွားလံုၿခံဳေရး ေအဂ်င္စီက ေျပာပါတယ္။

နစ္ဇနီ ေနာ့ဗ္ဂိုေရာ့ဒ္ ေဒသမွာ IS အၾကမ္းဖက္သမားေတြရဲ႕ အဖြဲ႔ဝင္ေတြအျဖစ္ သံသယရွိခဲ့ၿပီးေနာက္ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ အၾကမ္းဖက္သမားလို႔ သံသယရွိသူေတြဆီကေန ေပါက္ကြဲေစတဲ့ ပစၥည္းေတြကို သိမ္းဆည္းႏိုင္ခဲ့ပါတယ္။

ဝင္ေရာက္စီးနင္းခ်ိန္မွာ ေျမျပင္ကေန ေသနတ္၊ မီးေလာင္ဗံုးနဲ႔ ေပါက္ကြဲေစတဲ့ ပစၥည္းေတြကို ဖမ္းဆီးႏုိင္ခဲ့တာ ျဖစ္တယ္လို႔ ႐ုရွားလံုၿခံဳေရး ေအဂ်င္စီက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

IS အကြမ်းဖက် အဖွဲ့လို့ သံသယရှိသူတွေကို ရုရှား ဖမ်းဆီး

မော်စကိုမြို့ ရဲစုံထောင်တွေက IS အစ္စလာမ် အကြမ်းဖက် အဖွဲ့ဝင်တွေလို့ သံယရှိသူတွေ ရှိတဲ့နေရာကို ဝင်ရောက်စီးနင်းခဲ့ပြီး တိုက်ခိုက်မှုတွေ ဖြစ်လာမှာကို ဟန့်တားနိုင်ခဲ့တယ်လို့ ရုရှား လုံခြုံရေးအေဂျင်စီက ပြောပါတယ်။

ရုရှားနိုင်ငံမှာ အောက်တိုဘာ ၃ ရက်နေ့မှာ ကျင်းမယ့် ရွေးကောက်ပွဲကို IS အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ဖို့ ကြံစည်မှုတွေ ရှိနေတာကြောင့် အခုလိို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ ရုရှားလုံခြုံရေး အေဂျင်စီက ပြောပါတယ်။

နစ်ဇနီ နော့ဗ်ဂိုရော့ဒ် ဒေသမှာ IS အကြမ်းဖက်သမားတွေရဲ့ အဖွဲ့ဝင်တွေအဖြစ် သံသယရှိခဲ့ပြီးနောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်သမားလို့ သံသယရှိသူတွေဆီကနေ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဝင်ရောက်စီးနင်းချိန်မှာ မြေပြင်ကနေ သေနတ်၊ မီးလောင်ဗုံးနဲ့ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ ရုရှားလုံခြုံရေး အေဂျင်စီက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)