
0
1692





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မန်ယူ ကွင်းလယ်လူ ဖယ်လိုင်နီ ဒဏ်ရာကြောင့် ၂ လ နားရမယ်

မန်ယူကွင်းလယ်လူ ဖယ်လိုင်နီဟာ စပါးအသင်းနဲ့ ပွဲမှာ ရခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ၂ လကြာ နားရဖွယ်ရှိပါတယ်။

ဒူးဒဏ်ရာကြောင့် ကစားပွဲ စတင်ပြီး ၇ မိနစ်ကြာချိန်မှာ လူစားလဲခံရ ဖယ်လိုင်နီဟာ ဒဏ်ရာကြောင့် သီတင်းပတ် ၆ ပတ်ကနေ ၈ ပတ်အထိ နားရမှာ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒဏ်ရာကို ခွဲစိတ်ကုသမူ လုပ်ရဖွယ်ရှိပြီး အနားယူရမယ့်အချိန် ကြာမြင့်ခြင်းဟာ အသင်းအတွက် ထိုးနှက်ချက် ဖြစ်လာစေခဲ့ပါတယ်။

ဖယ်လိုင်နီဟာ လက်ရှိရာသီမှာ ဒူးဒဏ်ရာ ပြဿနာများနဲ့သာ ရင်ဆိုင်ရကာ အနားယူမူတွေ ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း မိခင် ဘယ်လ်ဂျီယံအသင်းနဲ့ အတူ ကစားချိန်မှာ ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် ၁ လနားခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)