နယူးဇီလန္မွာ မုန္တိုင္းတုိက္ခတ္လို႔ ခရီးသြား ရာေက်ာ္ပိတ္မိေန

0
1744

နယူးဇီလန္ႏိုင္ငံမွာ ဒီကေန႔ ေဖေဖာ္ဝါရီ ၂ ရက္ေန႔မွာ ဆိုင္ကလုန္းမုန္တိုင္း ဝင္ေရာက္တိုက္ခတ္သြားၿပီး လမ္းမေတြ ပ်က္စီးကာ၊ သစ္ပင္ၿပိဳလဲမႈနဲ႔ လ်ွပ္စစ္မီး ျပတ္ေတာက္မႈ ျဖစ္ပြားၿပီးေနာက္ ႏိုင္ငံျခားခရီးသြား ရာေက်ာ္ ေသာင္တင္ေနခဲ့ပါတယ္။

ေဖဟီ ဆိုင္ကလုန္း မုန္တုိင္းေၾကာင့္ ဘူလာၿမိဳ႕ အေနာက္ဘက္ ကမ္း႐ိုးတမ္းနဲ႔ ဒန္နီဒင္ၿမိဳ႕ ေတာင္ပိုင္းမွာ မိုးသည္းထန္စြာ ရြာသြန္းခဲ့ၿပီး ေရႀကီးမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။ ေဒသခံ ၅၀ ကိုေတာ့ ကယ္ဆယ္ေရး အဖြဲ႕ေတြက ေရႊ႕ေျပာင္းေပးခဲ့ၾကၿပီး ေရႀကီးမႈေၾကာင့္ နယ္လ္ဆန္ၿမိဳ႕ရွိ ေလဆိပ္ကို ပိတ္ထားခဲ့ရပါတယ္။

မုန္တုိင္းဟာ က်ြန္းေတာင္ပိုင္းကို ျဖတ္ေက်ာ္ၿပီး အေရွ႔ေတာင္ပိုင္းကို ဦးတည္ေနတဲ့အတြက္ မိုးသည္းထန္မႈနဲ႔အတူ ေလျပင္းေတြ ဆက္လက္ တိုက္ခတ္ဦးမွာ ျဖစ္တယ္လုိ႔ မိုးေလဝသဌာနက ေၾကညာထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

နယူးဇီလန်မှာ မုန်တိုင်းတိုက်ခတ်လို့ ခရီးသွား ရာကျော်ပိတ်မိနေ

နယူးဇီလန်နိုင်ငံမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်သွားပြီး လမ်းမတွေ ပျက်စီးကာ၊ သစ်ပင်ပြိုလဲမှုနဲ့ လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်ပွားပြီးနောက် နိုင်ငံခြားခရီးသွား ရာကျော် သောင်တင်နေခဲ့ပါတယ်။

ဖေဟီ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဘူလာမြို့ အနောက်ဘက် ကမ်းရိုးတမ်းနဲ့ ဒန်နီဒင်မြို့ တောင်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒေသခံ ၅၀ ကိုတော့ ကယ်ဆယ်ရေး အဖွဲ့တွေက ရွှေ့ပြောင်းပေးခဲ့ကြပြီး ရေကြီးမှုကြောင့် နယ်လ်ဆန်မြို့ရှိ လေဆိပ်ကို ပိတ်ထားခဲ့ရပါတယ်။

မုန်တိုင်းဟာ ကျွန်းတောင်ပိုင်းကို ဖြတ်ကျော်ပြီး အရှေ့တောင်ပိုင်းကို ဦးတည်နေတဲ့အတွက် မိုးသည်းထန်မှုနဲ့အတူ လေပြင်းတွေ ဆက်လက် တိုက်ခတ်ဦးမှာ ဖြစ်တယ်လို့ မိုးလေဝသဌာနက ကြေညာထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)