သမၼတ မာဒူ႐ိုကို ဗင္နီဇြဲလား စစ္တပ္သာ ျဖဳတ္ခ်ႏုိင္တယ္လို႔ အေမရိကန္ ေျပာ

0
394

အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး ရက္ဇ္ တီလာဆန္က ဗင္နီဇြဲလား စစ္တပ္သာ သမၼတ မာဒူ႐ိုကို ျဖဳတ္ခ်ဖို႔  ဆံုးျဖတ္ရဖြယ္ရွိေနၿပီး သမၼတကို ျဖဳတ္ခ်ဖို႔ အစီအစဥ္ ရွိ၊ မရွိဆုိတာကို မသိဘူးလို႔ ေျပာလိုက္ပါတယ္။  

ဝန္ႀကီး တီလာဆန္က တကၠဆက္ တကၠသိုလ္မွာ မိန္႔ခြန္းေျပာစဥ္ အခုလို ထည့္သြင္း ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ အေမရိကန္ အစိုးရအေနနဲ႔ ဗင္နီဇြဲလားမွာ အာဏာရွင္စနစ္ အေျပာင္းအလဲျဖစ္ေအာင္  အႀကံေပးမွာ မဟုတ္ဘဲ သမၼတ မာဒူ႐ိုသာ သူရဲ႕ အာဏာကို စြန္႔လႊတ္ခဲ့မယ္ဆုိရင္  အရာရာတုိင္း ပိုလြယ္သြားမယ္လို႔ ဝန္ႀကီး တီလာဆန္က ေျပာပါတယ္။  

ဗင္နီဇြဲလားႏိုင္ငံမွာ အေျပာင္းလဲေတြ ျဖစ္လာႏုိင္ဖြယ္ရွိၿပီး အေမရိကန္ ႏုိင္ငံအေနနဲ႔ ဗင္နီဇြဲလားနဲ႔   ဆက္ဆံေရး ဆုိးရြားမႈကေန ျပန္လည္ ေကာင္းေစလုိတယ္လို႔ ဝန္ႀကီး တီလာဆန္က ေျပာပါတယ္။  ဗင္နီဇြဲလားႏုိင္ငံမွာ ေငြေၾကးေဖာင္းပြမႈ ျမင့္တက္ေနတဲ့အျပင္ ကုန္ေစ်းႏႈန္းႀကီးျမင့္မႈ၊ လုပ္ခလစာ နည္းပါးမႈေတြေၾကာင့္ ျပည္သူေတြမွာ အခက္အခဲနဲ႔ ရင္ဆုိင္ေနရၿပီး အစိုးရကို မေက်နပ္ျဖစ္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

သမ္မတ မာဒူရိုကို ဗင်နီဇွဲလား စစ်တပ်သာ ဖြုတ်ချနိုင်တယ်လို့ အမေရိကန် ပြော

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်က ဗင်နီဇွဲလား စစ်တပ်သာ သမ္မတ မာဒူရိုကို ဖြုတ်ချဖို့ ဆုံးဖြတ်ရဖွယ်ရှိနေပြီး သမ္မတကို ဖြုတ်ချဖို့ အစီအစဉ် ရှိ၊ မရှိဆိုတာကို မသိဘူးလို့ ပြောလိုက်ပါတယ်။

ဝန်ကြီး တီလာဆန်က တက္ကဆက် တက္ကသိုလ်မှာ မိန့်ခွန်းပြောစဉ် အခုလို ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရအနေနဲ့ ဗင်နီဇွဲလားမှာ အာဏာရှင်စနစ် အပြောင်းအလဲဖြစ်အောင် အကြံပေးမှာ မဟုတ်ဘဲ သမ္မတ မာဒူရိုသာ သူရဲ့ အာဏာကို စွန့်လွှတ်ခဲ့မယ်ဆိုရင် အရာရာတိုင်း ပိုလွယ်သွားမယ်လို့ ဝန်ကြီး တီလာဆန်က ပြောပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ အပြောင်းလဲတွေ ဖြစ်လာနိုင်ဖွယ်ရှိပြီး အမေရိကန် နိုင်ငံအနေနဲ့ ဗင်နီဇွဲလားနဲ့ ဆက်ဆံရေး ဆိုးရွားမှုကနေ ပြန်လည် ကောင်းစေလိုတယ်လို့ ဝန်ကြီး တီလာဆန်က ပြောပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ ငွေကြေးဖောင်းပွမှု မြင့်တက်နေတဲ့အပြင် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ လုပ်ခလစာ နည်းပါးမှုတွေကြောင့် ပြည်သူတွေမှာ အခက်အခဲနဲ့ ရင်ဆိုင်နေရပြီး အစိုးရကို မကျေနပ်ဖြစ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)