
0
335

အားကစားဆိုင်ရာ ခုံရုံးက ရုရုားအိုလံပစ်ပြိုင်ပွဲဝင်မယ့် ကစားသမား ၂၈ ဦးရဲ့ ပိတ်ပင်မှု ပြစ်ဒဏ်ကို သက်သေလုံလောက်မှု မရှိဘူးဆိုပြီး အပြစ်ကနေ ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။  




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တားမြစ်ဆေးကြောင့် ပိတ်ပင်ခံရတဲ့ ရုရှား အိုလံပစ် ကစားသမားတွေရဲ့ ပြစ်ဒဏ်ကို ပယ်ဖျက်

အားကစားဆိုင်ရာ ခုံရုံးက ရုရာုးအိုလံပစ်ပြိုင်ပွဲဝင်မယ့် ကစားသမား ၂၈ ဦးရဲ့ ပိတ်ပင်မှု ပြစ်ဒဏ်ကို သက်သေလုံလောက်မှု မရှိဘူးဆိုပြီး အပြစ်ကနေ ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။

ရုရှား အိုလံပစ်ပြိုင်ပွဲဝင်ကစားသမား ၂၈ ဦးဟာ ၂၀၁၄ ခုနှစ်က ကျင်းပခဲ့တဲ့ ဆိုချီ အိုလံပစ်ပြိုင်ပွဲမှာ တားမြစ်ဆေး သုံးစွဲမှုတွေ ရှိတယ်လို့ စွပ်စွဲခံရပြီးနောက် ကစားခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

တားမြစ်ဆေး သုံးခဲ့တဲ့ ရုရှားအားကစားသမားတွေကို တစ်ဦးချင်းအပြင် အုပ်စုလိုက် အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်မှုကနေ ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အားကစားဆိုင်ရာ ခုံရုံးက တားမြစ်ဆေးကြောင့် ပိတ်ပင်ခံရတဲ့ ရုရှား အားကစားသမားတွေဟာ တားမြစ်ဆေး သုံးစွဲတယ်ဆိုတဲ့အချက်ကို သက်သေပြနိုင်ဖို့ လုံလောက်မှု မရှိခဲ့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရုရှားကစားသမားတွေဟာ ပြစ်ဒဏ်ကို ပယ်ဖျက်ပေးလိုက်တာကြောင့် တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရသွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)