
0
368




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်မှာ ဖန်ပြွန်သန္ဓေသားနဲ့ နွား ၇ ကောင် အောင်မြင်စွာမွေး

တရုတ်နိုင်ငံမြောက်ပိုင်း၊ တွန်ဂလီယာအိုမှာ ဖန်ပြွန် သန္ဓေသား နည်းပညာသုံးပြီး နွား ၇ ကောင်ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။

တရုတ် စိုက်ပျိုးရေး တက္ကသိုလ်မှာ ၂၀၁၇ ခုနှစ် မတ်လက ဖန်ပြွန်သန္ဓေသားဖန်တီးပြီး စတင် စမ်းသပ်ခဲ့ကြတာ ဖြစ်ပါတယ်။ နွားသားပေါက်တွေဟာ ရက်ပေါင်း ၂၀ အကြာမှာ ၄၅ ကီလိုဂရမ် အလေးချိန်ရှိပြီး ကျန်းမာရေး ကောင်းမွန်နေပါတယ်။

အဓိကအားဖြင့် နည်းပညာကို အသုံးပြုပြီး ဥရောပနဲ့ အမေရိကန်နိုင်ငံတွေကို နွားနဲ့ ပတ်သက်တဲ့ ထုတ်ကုန် ပိုမိုတင်ပို့နိုင်ဖို့ စမ်းသပ်နေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)