ႏိုဘယ္ဆုအတြက္ ေဟာင္ေကာင္ တက္ၾကြလႈပ္ရွားသူ ဂ်ိဳရႊာဝမ္ကို အမည္စာရင္းတင္သြင္း

0
308

၂၀၁၄ ခုႏွစ္က ေဟာင္ေကာင္မွာ အႀကီမားဆံုး ဒီမုိကေရစီလႈပ္ရွားမႈကို ဦးေဆာင္ခဲတဲ့ အသက္ ၂၁ ႏွစ္အရြယ္ ဂ်ိဳရႊာဝမ္နဲ႔ သူရဲ႕ သူငယ္ခ်င္းေတြျဖစ္တဲ့ နာသန္ေလာနဲ႔ အဲလက္စ္ ခ်ိဳတုိ႔ကို ၿငိမ္းခ်မ္းေရး ႏိုဘယ္လ္ဆုအတြက္ အေမရိကန္ လႊတ္ေတာ္ အမတ္ေတြက အမည္စာရင္း တင္သြင္းလိုက္ပါတယ္။

အေမရိကန္လႊတ္ေတာ္ အမတ္ေတြက ဂ်ိဳရႊာဝမ္တို႔ဟာ ေဟာင္ေကာင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ရဖုိ႔နဲ႔ ႏုိင္ငံေရး ျပဳျပင္ေျပာင္းလဲမႈျဖစ္ေအာင္ ၿငိမ္ခ်မ္းစြာ ႀကိဳးပမ္းခဲ့မႈအေပၚ အသိမွတ္ျပဳတာ ျဖစ္ပါတယ္။ ဒါ့အျပင္ အခုလုပ္ရပ္ဟာ တ႐ုတ္ႏုိင္ငံအေပၚ ေဒါသျဖစ္ေအာင္ လံႈ႔ေဆာ္လုိက္တာလည္း ျဖစ္ပါတယ္။

ေဟာင္ေကာင္ ဒီမုိကေရစီအေရး ဆႏၵျပမႈေတြနဲ႔ ပတ္သက္လုိ႔ ေဟာင္ေကာင္နဲ႔ တ႐ုတ္အစိုးရတို႔က တရားမဝင္ဘူးလို႔ ဆိုထားေပမယ့္ တ႐ုတ္ႏုိင္ငံအေပၚ ဆယ္စုႏွစ္မ်ားအတြင္း အႀကီးမားဆံုး စိန္ေခၚမႈအျဖစ္ လူသိမ်ားခဲ့ပါတယ္။

အေမရိကန္ ဒီမုိကရက္တစ္ပါတီ အမတ္ ၄ ဦးနဲ႔ ရီပတ္ဘလီကန္အမတ္ ၈ ဦး ပါတဲ့အဖြဲ႔က ဂ်ိဳရႊာဝမ္တို႔အုပ္စုကို ႏိုဘယ္ဆုရွင္ အမည္စာရင္း တင္သြင္းေၾကာင္း ႏိုဘယ္ဆုေရြးခ်ယ္ေရး ေကာ္မတီဆီ စာေရးသားေပးပို႔ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

နိုဘယ်ဆုအတွက် ဟောင်ကောင် တက်ကြွလှုပ်ရှားသူ ဂျိုရွှာဝမ်ကို အမည်စာရင်းတင်သွင်း

၂၀၁၄ ခုနှစ်က ဟောင်ကောင်မှာ အကြီမားဆုံး ဒီမိုကရေစီလှုပ်ရှားမှုကို ဦးဆောင်ခဲတဲ့ အသက် ၂၁ နှစ်အရွယ် ဂျိုရွှာဝမ်နဲ့ သူရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ နာသန်လောနဲ့ အဲလက်စ် ချိုတို့ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် အမေရိကန် လွှတ်တော် အမတ်တွေက အမည်စာရင်း တင်သွင်းလိုက်ပါတယ်။

အမေရိကန်လွှတ်တော် အမတ်တွေက ဂျိုရွှာဝမ်တို့ဟာ ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဖို့နဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဖြစ်အောင် ငြိမ်ချမ်းစွာ ကြိုးပမ်းခဲ့မှုအပေါ် အသိမှတ်ပြုတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလုပ်ရပ်ဟာ တရုတ်နိုင်ငံအပေါ် ဒေါသဖြစ်အောင် လှုံ့ဆော်လိုက်တာလည်း ဖြစ်ပါတယ်။

ဟောင်ကောင် ဒီမိုကရေစီအရေး ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ ဟောင်ကောင်နဲ့ တရုတ်အစိုးရတို့က တရားမဝင်ဘူးလို့ ဆိုထားပေမယ့် တရုတ်နိုင်ငံအပေါ် ဆယ်စုနှစ်များအတွင်း အကြီးမားဆုံး စိန်ခေါ်မှုအဖြစ် လူသိများခဲ့ပါတယ်။

အမေရိကန် ဒီမိုကရက်တစ်ပါတီ အမတ် ၄ ဦးနဲ့ ရီပတ်ဘလီကန်အမတ် ၈ ဦး ပါတဲ့အဖွဲ့က ဂျိုရွှာဝမ်တို့အုပ်စုကို နိုဘယ်ဆုရှင် အမည်စာရင်း တင်သွင်းကြောင်း နိုဘယ်ဆုရွေးချယ်ရေး ကော်မတီဆီ စာရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)