
0
246





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖီဒယ် ကက်စထရိုရဲ့ သားအကြီးဆုံး သတ်သေသွား

ကျူးဘားတော်လှန်ရေး ခေါင်းဆောင် ဖီဒယ် ကက်စထရိုရဲ့ သားအကြီးဆုံးဖြစ်သူ ဖီဒယ် ကက်စထရို ဒိုင်းယက်ဇ် ဘာလတ်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သူ့ကိုယ်သူ သတ်သေသွားပါတယ်။

ဖီဒယ်လီတိုလို့ လူသိများတဲ့ ကက်စထရို ဒိုင်းယက်ဇ် ဘာလတ်ဟာ စိတ်ကျရောဂါကြောင့် ဆေးရုံတက်ခဲ့ရပြီး နောက်ပိုင်းမှာ ပြင်ပလူနာအဖြစ် ကုသခံနေရသူ ဖြစ်ပါတယ်။

ကက်စထရို ဒိုင်းယက်ဇ် ဘာလတ်ကို ၁၉၄၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီးနောက် အမေရိကန် နိုင်ငံမှာ နေထိုင်ခဲ့ပေမယ့် ၁၉၅၉ ခုနှစ် ကျူးဘားတော်လှန်ရေး ပြီးဆုံးပြီးနောက် ဖီဒယ် ကက်စထရိုက သားဖြစ်သူကို ကျူးဘားဆီ ပြန်ခေါ်ခဲ့ပါတယ်။ ကက်စထရို ဒိုင်းယက်ဇ် ဘာလတ်ဟာ ဆိုဗီယက်ပြည်ထောင်စုမှာ နျူကလီယား ရူပဗေဒဘာသာရပ်ကို လေ့လာခဲ့ပြီး ကျူးဘားကောင်စီရဲ့ သိပ္ပံပညာဆိုင်ရာ အတိုင်ပင်ခံနဲ့ ကျူဘားသိပ္ပံဆိုင်ရာ ကျောင်းရဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)