ေဟာင္ေကာင္မွာ ၉၉၂ ေပါင္ရွိ ဒုတိယကမာၻစစ္ က်န္ ဗံုးေဟာင္းတစ္လံုး ေတြ႔

0
244

ေဟာင္ေကာင္မွာ ဇန္နဝါရီလ ၃၁ ရက္ေန႔ မနက္ခင္းက ေဆာက္လုပ္ေရး လုပ္ငန္းခြင္တစ္ခုမွာ ဒုတိယ ကမာၻစစ္လက္က်န္ ဗံုးတစ္လံုးကို အလုပ္သမားေတြက ေတြ႔ရွိခဲ့ၾကပါတယ္။

ဗံုးရဲ႕ အေလးခ်ိန္ဟာ ၉၉၂ ေပါင္ ရွိၿပီး အေမရိကန္လုပ္ ျဖစ္ပါတယ္။ အခုလုိ ဗံုးေတြ႔ရွိတဲ့ အတြက္ေၾကာင့္ ဖယ္ရွားရွင္းလင္းဖို႔ လုပ္ေဆာင္ေနစဥ္အတြင္း ဝန္ခ်ိဳင္းဝန္းက်င္မွာ ေနထိုင္သူ ၄ ေထာင္ေက်ာ္ကို ေျပာင္းေရႊ႕တာ၊ လမ္းတခ်ိဳ႕ ပိတ္ထားတာေတြ လုပ္ခဲ့ရပါတယ္။

ဒုတိယကမာၻစစ္က်န္ ဗံုးတစ္လံုးကိုလည္း ၿပီးခဲ့တဲ့ ဇန္န၀ါရီလ ၂၈ ရက္ေန႔ တစ္ျခား ေဆာက္လုပ္ေရး လုပ္ငန္းခြင္တစ္ခုမွာ ေတြ႔ရွိခဲ့ၾကပါေသးတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဟောင်ကောင်မှာ ၉၉၂ ပေါင်ရှိ ဒုတိယကမ္ဘာစစ် ကျန် ဗုံးဟောင်းတစ်လုံး တွေ့

ဟောင်ကောင်မှာ ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ခင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ ဒုတိယ ကမ္ဘာစစ်လက်ကျန် ဗုံးတစ်လုံးကို အလုပ်သမားတွေက တွေ့ရှိခဲ့ကြပါတယ်။

ဗုံးရဲ့ အလေးချိန်ဟာ ၉၉၂ ပေါင် ရှိပြီး အမေရိကန်လုပ် ဖြစ်ပါတယ်။ အခုလို ဗုံးတွေ့ရှိတဲ့ အတွက်ကြောင့် ဖယ်ရှားရှင်းလင်းဖို့ လုပ်ဆောင်နေစဉ်အတွင်း ဝန်ချိုင်းဝန်းကျင်မှာ နေထိုင်သူ ၄ ထောင်ကျော်ကို ပြောင်းရွှေ့တာ၊ လမ်းတချို့ ပိတ်ထားတာတွေ လုပ်ခဲ့ရပါတယ်။

ဒုတိယကမ္ဘာစစ်ကျန် ဗုံးတစ်လုံးကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့ တစ်ခြား ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ တွေ့ရှိခဲ့ကြပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)