၃၆ ကြိမ်မြောက် ကော်ဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှုကို ချစ်သူများနေ့မှာ စတင် ပြုလုပ်မယ်

0
323

၃၆ ကြိမ်မြောက် နှစ်စဉ် ကော်ဘရာဂိုးလ် နိုင်ငံတကာ စစ်ရေးပူးပေါင်းလေ့ကျင့်မှုကို ဖေဖော်ဝါရီ (၁၄) ရက်နေ့ချစ်သူများနေ့မှာ စတင်ပြုလုပ်သွားမှာဖြစ်ပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုကို ထိုင်းနဲ့အမေရိကန်ပြည်ထောင်စုတို့က ဦးဆောင်ပြုလုပ်သွားမှာဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးဟာ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ပြုလုပ်တာဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ရေတပ်နဲ့ကြည်းတပ် နှစ်ခုလုံးပါဝင်မယ့် အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်စစ်သား (၃၆၀၀) အထိပါဝင်သွားမှာဖြစ်ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီလ ၁၄ မှာစတင်ပြုလုပ်မှာဖြစ်ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)