တောင်ကိုရီးယား သမ္မတ မဖြစ်ချင်ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း ပြော

0
350

တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတလုပ်မှာ မဟုတ်ဘူးလို့ တောင်ကိုရီးယားနိုင်ငံသား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဘန်ဟာ တောင်ကိုရီးယားရဲ့ သမ္မတသစ်ဖြစ်လာမယ်လို့ ယူဆနေကြချိန်မှာ အခုလို ကြေညာချက် ထုတ်ပြန်လိုက်တဲ့အတွက် အံ့အားသင့်စရာကိစ္စတစ်ခု ဖြစ်လာခဲ့တာပါ။

နိုင်ငံရေး ဂိုဏ်းဂဃဖွဲ့ လက်သိပ်ထိုးတဲ့ကိစ္စတွေကို စိတ်ပျက်တယ်လို့လည်း ဘန်ကီမွန်းက သတင်းစာ ရှင်းလင်းပွဲမှာပြောကြားခဲ့တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ နိုင်ငံရဲ့ ပဋိပက္ခအကျပ်အတည်းတွေမှာ ပါဝင် ဖြေရှင်းဖို့ နဲ့ စည်းလုံးညီညွတ်မှုရအောင် ဆောင်ရွက်သွားဖို့ပဲ ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံထားတာလို့ ဘန်ကီမွန်းက ပြောပါတယ်။

ဒါပေမဲ့ သူ့ရဲ့ မျိုးချစ်စိတ်သက်သက်နဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအတွက် တွန်းအားပေးတာတွေကို နိုင်ငံရေး တိုက်ခိုက်မှုတွေနဲ့ သူ့ကို ပစ်မှတ်ထားတဲ့ သတင်းအတုတွေ လုပ်လာနေကြတယ်လို့ ဘန်ကီမွန်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)