ဖိလစ်ပိုင်မှာ စက်ရုံမီးလောင်မှုကြောင့် အလုပ်သမား ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရ

0
323

ဖိလစ်ပိုင်နိုင်ငံက စက်ရုံတစ်ခုမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာကြောင့် အလုပ်သမား ၁၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဲဒီစက်ရုံဟာ မနီလာတောင်ပိုင်းက ကာဗိုက်ပြည်နယ်၊ ဗိုလ်ချုပ်ထရီယက်စ်မြို့က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး House Technology စက်မှုဇုန်ထဲထိ မီးကူးစက်လောင်ကျွမ်းခဲ့ပြီးနောက် ၁၈ နာရီ အကြာမှာတော့ စက်မှုဇုန်ထဲက မီးကို ထိန်းချုပ်နိုင်ခဲ့တာပါ။

မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေထဲမှာ သုံးဦးက ဂျပန်နိုင်ငံသားတွေဖြစ်ပြီး ၁၀ ဝန်းကျင်လောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။ မီးလောင်တဲ့ အဆောက်အဦးဟာ သုံးထပ်အဆောက်အဦးဖြစ်တာကြောင့် တချို့ဝန်ထမ်းတွေဟာ မီးဘေးကလွတ်အောင် ပြတင်းပေါက်ကနေ ခုန်ချပြီး ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။ မီးစတင်လောင်တာကတော့ အိမ်သုံးပစ္စည်း ထုတ်တဲ့စက်က အပူလွန်ပြီး မီးလောင်တာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ၂၀၁၅ ခုနှစ်က ရာဘာဖိနပ်စက်ရုံတစ်ခုမှာ မီးလောင်ခဲ့တာကြောင့် လူပေါင်း ၇၂ နှစ်ယောက်သေဆုံးခဲ့ပါတယ်။ အဲဒီမီးလောင်မှုဖြစ်ပွားပြီးနောက်မှာ အဲဒီအချိန်က သမ္မတ ဘန်နီနိုအကွီနိုက မနီလာက စက်ရုံပေါင်း သုံးသိန်းကို စစ်ဆေးမှုတွေလုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)