မီးလောင်ပြီးတိမ်းမှောက်ခဲ့တဲ့ သင်္ဘောကပ္ပတိန်ကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး

0
312

အင်ဒိုနီးရှားနိုင်ငံမှာ အပျော်စီး သင်္ဘော မီးလောင်ပြီးတိမ်းမှောက်ခဲ့တာကြောင့် သင်္ဘောရေယာဉ်မှူးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ATTENTION EDITORS - VISUAL COVERAGE OF SCENES OF INJURY OR DEATHThe remains of victims wait to be removed from the area after a fire ripped through a boat carrying tourists to islands north of the capital, at Muara Angke port in Jakarta, Indonesia January 1, 2017. REUTERS/Darren Whiteside

အဲဒီရေယာဉ်ဟာ ဇန်နဝါရီ ၁ ရက်နေ့က မြို့တော် ဂျကာတာမှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး သေဆုံးသူ အနည်းဆုံး ၁၇ ဦးနဲ့ ပျောက်ဆုံးသူ ၁၇ ဦး ရှိနေတာပါ။
လက်ရှိမှာတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဒီကနေ့ နံနက်ခင်းမှာ ဆက်လက်လုပ်ဆောင်နေပါတယ်။

indonesia2

တိမ်းမှောက်ခဲ့တဲ့ သင်္ဘောဟာ Zahro Express လို့ အမည်ရပြီး ဂျကာတာမြို့အနီးတစ်ဝိုက်က တီဒန်း (Tidung) အပန်းဖြေကျွန်းကို လူ ၂၆၀ ကျော် တင်ပြီး မောင်းနှင်လာတာပါ။ ခရီးသည်အများစုဟာ အင်ဒိုနီးရှားနိုင်ငံသားတွေဖြစ်ပြီး နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲ ဆင်နွှဲမယ့်လူတွေဖြစ်ပါတယ်။

indonesia3

လက်ရှိမှာ သင်္ဘောပေါ်က ခရီးသည် ၂၂၄ ဦးကို ကယ်တင်ထားနိုင်ပြီး ၃၂ ဦးကတော့ ဆေးရုံသုံးရုံမှာ ကုသမှု ခံယူနေရပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကျွန်းစုပေါင်း ၁၇၀၀ ကျော်နဲ့ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဘာလီကျွန်းပေါ်မှာ အပန်းဖြေမော်တော်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် နိုင်ငံခြားသား နှစ်ယောက် သေဆုံးပြီး လူ ၂၀ လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)