
0
500




 

<>>>>>>>>>>>>>>>>>>>>>>>>>>>>

 

လောင်းကစားဂိုဏ်းကို ကာကွယ်ပေးတဲ့ ဗီယက်နမ်ရဲချုပ်ဟောင်း နှစ်ဦး ထောင်ဒဏ် ချမှတ်ခံရ

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ဒေသရှိတရားရုံးတစ်ရုံးဟာ ရဲချုပ်ဟောင်း နှစ်ဦးကိုထောင်ဒဏ် ပြစ်ဒဏ်ပေးလိုက်ကြောင်း သတင်းတွေကဖော်ပြခဲ့ပါတယ်။

ရဲချုပ်ဟောင်းနှစ်ဦးဟာ အွန်လိုင်းလောင်းကစားဂိုဏ်း တစ်ဂိုဏ်းကို အကာကွယ်ပေးခဲ့တာကြောင့် အခုလိုမျိုးထောင်ဒဏ် ပြစ်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။

ရဲချုပ်တွေ ဟာ အာဏာအလွဲသုံးစားလုပ်တဲ့ စွဲချက်တင်ခံရကာ အမိန့်ချမှတ်ခဲ့ပါတယ်။ ရဲချုပ်ဟောင်း Phan Van Vinh နဲ့ ရဲချုပ် Nguyen Thanh Hoa တို့ကို ဒေါ်လာသန်းချီလောင်းကစားလုပ်တဲ့ လောင်းကစားဂိုဏ်းကို အကာကွယ်ပေးဖို့အာဏာအလွဲ သုံးစားမှုတွေအတွက်ထောင်ဒဏ် ၁၀ နှစ်နဲ့ ထောင်ဒဏ် ၉ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း Phu Tho ဒေသ တရားရုံးကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)