အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်ခင် ထိုင်းမှာ လုံခြုံရေး အထူးတင်းကျပ်

0
158

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက အစည်းအဝေး လုပ်မယ့် နေရာအနီး ဆက်တိုက် ဗုံးပေါက်ကွဲမှုတွေကြောင့် အရှက်ရစေခဲ့ပြီးနောက် ထိုင်းအစိုးရက ဒေသတွင်းနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်မယ့် အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်ခင် လုံခြုံရေးကို အထူးတင်းကျပ်နေပါတယ်။

အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေ ကျင်းပမယ့် ဧရိယာဝန်းကျင်မှာ ရဲနဲ့ စစ်တပ်အင်အား ၁၇၀၀၀ တာဝန်ချထားတယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။ ဒါ့အပြင် အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ဝင် ၃၀၀ ကိုလည်း ချထားပါတယ်။

အောက်တိုဘာလ ၃၀ ရက်နေ့က ဘန်ကောက်မြို့ အပြင်ဘက်ရှိ နွန်သာဘူရီမှာ တပ်ဖွဲ့ဝင် အမြောက်အမြား ပါဝင်တဲ့ အစမ်းလေ့ကျင့်မှုလည်း လုပ်ခဲ့ပါတယ်။ အစည်းအဝေးကျင်းပမယ့် ဧရိယာမှာ ရဟတ်ယာဉ်တွေလည်း ပျံသန်း စောင့်ကြည့်နေပြီး အထူးတပ်ဖွဲ့ဝင်တွေကလည်း သံသယဖြစ်ဖွယ် ကားတွေကို စစ်ဆေးနေပါတယ်။  

အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်ခင် ထိုင်းမှာ လုံခြုံရေး အထူးတင်းကျပ်

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက အစည်းအဝေး လုပ်မယ့် နေရာအနီး ဆက်တိုက် ဗုံးပေါက်ကွဲမှုတွေကြောင့် အရှက်ရစေခဲ့ပြီးနောက် ထိုင်းအစိုးရက ဒေသတွင်းနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်မယ့် အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်ခင် လုံခြုံရေးကို အထူးတင်းကျပ်နေပါတယ်။

အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေ ကျင်းပမယ့် ဧရိယာဝန်းကျင်မှာ ရဲနဲ့ စစ်တပ်အင်အား ၁၇၀ဝ၀ တာဝန်ချထားတယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။ ဒါ့အပြင် အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ဝင် ၃၀ဝ ကိုလည်း ချထားပါတယ်။

အောက်တိုဘာလ ၃၀ ရက်နေ့က ဘန်ကောက်မြို့ အပြင်ဘက်ရှိ နွန်သာဘူရီမှာ တပ်ဖွဲ့ဝင် အမြောက်အမြား ပါဝင်တဲ့ အစမ်းလေ့ကျင့်မှုလည်း လုပ်ခဲ့ပါတယ်။ အစည်းအဝေးကျင်းပမယ့် ဧရိယာမှာ ရဟတ်ယာဉ်တွေလည်း ပျံသန်း စောင့်ကြည့်နေပြီး အထူးတပ်ဖွဲ့ဝင်တွေကလည်း သံသယဖြစ်ဖွယ် ကားတွေကို စစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)