ဖိလစ်ပိုင်မှာ အင်အား ၆ ဒသမ ၅ အဆင့်ရှိ ငလျင် ထပ်လှုပ်

0
93

ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒါနာအိုကျွန်းမှာ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်းက အင်အားပြင်းငလျင် ထပ်မံ လှုပ်ခတ်ခဲ့ရာ ဟိုတယ်တွေပြိုကျ ပျက်စီးခဲ့ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးးသွားခဲ့တယ်လို့ ဖိလစ်ပိုင် အာဏာပိုင်တွေက ပြောပါတယ်။

မင်ဒါနာအိုကျွန်းမှာ ပြင်းအား ၆ ဒသမ ၆ မဂ္ဂနီကျူအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ၄ ရက် အကြာမှာ ငလျင် ထပ်လှုပ်ခဲ့တာ ဖြစ်ပါတယ်။ အခု လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၆ ဒသမ ၅ မဂ္ဂနီကျူ အဆင့်ရှိပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ငလျင်လှုပ်ခဲ့တဲ့ နေရာနားမှာပဲ ထပ်မံလှုပ်သွားခဲ့တာဖြစ်ပါတယ်။ 

ငလျင်ကြောင့် ဒါဗာအိုမြို့ တောင်ပိုင်းရှိ အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အဆောက်အဦးတွေ ပြိုကျမှုတွေကြောင့် အနည်းဆုံး လူ ၈ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။ အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း ထပ်မံလှုပ်ခတ်ခဲ့ကြောင်း၊ ပြိုကျခဲ့တဲ့ အဆောက်အဦတွေကြား ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်နေကြောင်း ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ဖိလစ်ပိုင်မှာ အင်အား ၆ ဒသမ ၅ အဆင့်ရှိ ငလျင် ထပ်လှုပ်

ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒါနာအိုကျွန်းမှာ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်းက အင်အားပြင်းငလျင် ထပ်မံ လှုပ်ခတ်ခဲ့ရာ ဟိုတယ်တွေပြိုကျ ပျက်စီးခဲ့ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးသွားခဲ့တယ်လို့ ဖိလစ်ပိုင် အာဏာပိုင်တွေက ပြောပါတယ်။

မင်ဒါနာအိုကျွန်းမှာ ပြင်းအား ၆ ဒသမ ၆ မဂ္ဂနီကျူအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ၄ ရက် အကြာမှာ ငလျင် ထပ်လှုပ်ခဲ့တာ ဖြစ်ပါတယ်။ အခု လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၆ ဒသမ ၅ မဂ္ဂနီကျူ အဆင့်ရှိပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ငလျင်လှုပ်ခဲ့တဲ့ နေရာနားမှာပဲ ထပ်မံလှုပ်သွားခဲ့တာဖြစ်ပါတယ်။

ငလျင်ကြောင့် ဒါဗာအိုမြို့ တောင်ပိုင်းရှိ အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အဆောက်အဦးတွေ ပြိုကျမှုတွေကြောင့် အနည်းဆုံး လူ ၈ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။ အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း ထပ်မံလှုပ်ခတ်ခဲ့ကြောင်း၊ ပြိုကျခဲ့တဲ့ အဆောက်အဦတွေကြား ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်နေကြောင်း ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)