
0
873




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှားက ယူကရိန်း ကုမ္ပဏီ ၆၈ ခုနဲ့ လူ ၃၂၂ ဦးကို ပိတ်ဆို့အရေးယူ

ယူကရိန်း ကုမ္ပဏီ ၆၈ ခုနဲ့ ယူကရိန်း နိုင်ငံသား ၃၂၂ ဦးတို့အပေါ် ပိတ်ဆို့အရေးယူတဲ့ စာရင်းကို ရုရှား ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒေ့ဗ်က လက်မှတ်ရေးထိုးလိုက်ပါတယ်။

ပိတ်ဆို့အရေးယူမှုဟာ အထူးသဖြင့် ယူကရိန်း ပြည်ထဲရေးဝန်ကြီး အာဆင် အာဗာကော့ဗ်၊ ယာယီ ကျန်းမာရေးဝန်ကြီး အူလျာနာ ဆူပရွန်နဲ့ ယဉ်ကျေးမှုဝန်ကြီး ယေ့ဗ်ဂျင် နစ်ရှ်ချတ်တို့ကို ပစ်မှတ်ထားတာ ဖြစ်ပါတယ်။

လူပုဂ္ဂိုလ် စာရင်းထဲမှာ ယူကရိန်း သမ္မတ ပရိုရှင်ကိုရဲ့ သား အိုလက်ဇီနဲ့ သမ္မတရဲ့ ပြောခွင့်ရသူ ဆီဟိုကိုတို့ ပါဝင်ပါတယ်။ သမ္မတ ပရိုရှင်ကိုကတော့ ပိတ်ဆို့မှု စာရင်းထဲ မပါဝင်ပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)