နည္းပညာ ကုမၸဏီႀကီးေတြ ခြဲထုတ္ဖို႔လိုတယ္လို႔ Web တည္ေထာင္သူ ေျပာ

0
1045

ဆီလီကြန္ ဗယ္လီ နည္းပညာ ကုမၸဏီႀကီးေတြျဖစ္တဲ့ Facebook နဲ႔ Google တို႔လို လုပ္ငန္းႀကီးေတြဟာ လႊမ္းမိုးမႈ အားႀကီးလြန္းတဲ့အတြက္ ခြဲထုတ္ဖို႔ လိုလိမ့္မယ္လို႔ World Wide Web ကို တည္ေထာင္သူ တင္မ္ ဘာနာလီက ေျပာဆိုလိုက္ပါတယ္။

 

၁၉၉၀ ဝန္းက်င္ကတည္းက အေမရိကန္ အေျခစိုက္ နည္းပညာ ကုမၸဏီေတြ လက္တစ္ဆုပ္စာေၾကာင့္ ဒစ္ဂ်စ္တယ္ ေတာ္လွန္ေရး ျဖစ္ေပၚခဲ့ၿပီး ဘ႑ာေရးနဲ႔ ယဥ္ေက်းမႈ အင္အားဟာလည္း ႏိုင္ငံတစ္ခုစာထက္ အားေကာင္းေနပါတယ္။

၁၉၈၉ မွာ Web ကို တီထြင္ခဲ့သူ လန္ဒန္ဇာတိဖြား ကြန္ပ်ဴတာ သိပၸံပညာရွင္ ဘာနာလီက လက္ရွိ အင္တာနက္ အေျခအေနကို စိတ္ပ်က္မိေၾကာင္း၊ ကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြကို အလြဲသံုးစားလုပ္တာ၊ လူမႈကြန္ရက္ေတြမွာ အမုန္းစကား ျပန္႔ပြားတာေတြ ျဖစ္ေနေၾကာင္းလည္း ေျပာပါတယ္။

ကုမၸဏီတစ္ခုတည္းက လႊမ္းမိုးေနၿပီဆိုရင္ တျခားနည္းလမ္းေတြ ထြက္လာေအာင္ ခြဲထုတ္ေပးရမယ္၊ တစ္ခုတည္းကို ႏွစ္ထားတာဟာ အႏၱရာယ္ရွိတယ္လို႔ ဘာနာလီက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နည်းပညာ ကုမ္ပဏီကြီးတွေ ခွဲထုတ်ဖို့လိုတယ်လို့ Web တည်ထောင်သူ ပြော

ဆီလီကွန် ဗယ်လီ နည်းပညာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Facebook နဲ့ Google တို့လို လုပ်ငန်းကြီးတွေဟာ လွှမ်းမိုးမှု အားကြီးလွန်းတဲ့အတွက် ခွဲထုတ်ဖို့ လိုလိမ့်မယ်လို့ World Wide Web ကို တည်ထောင်သူ တင်မ် ဘာနာလီက ပြောဆိုလိုက်ပါတယ်။

၁၉၉၀ ဝန်းကျင်ကတည်းက အမေရိကန် အခြေစိုက် နည်းပညာ ကုမ္ပဏီတွေ လက်တစ်ဆုပ်စာကြောင့် ဒစ်ဂျစ်တယ် တော်လှန်ရေး ဖြစ်ပေါ်ခဲ့ပြီး ဘဏ္ဍာရေးနဲ့ ယဉ်ကျေးမှု အင်အားဟာလည်း နိုင်ငံတစ်ခုစာထက် အားကောင်းနေပါတယ်။

၁၉၈၉ မှာ Web ကို တီထွင်ခဲ့သူ လန်ဒန်ဇာတိဖွား ကွန်ပျူတာ သိပ္ပံပညာရှင် ဘာနာလီက လက်ရှိ အင်တာနက် အခြေအနေကို စိတ်ပျက်မိကြောင်း၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အလွဲသုံးစားလုပ်တာ၊ လူမှုကွန်ရက်တွေမှာ အမုန်းစကား ပြန့်ပွားတာတွေ ဖြစ်နေကြောင်းလည်း ပြောပါတယ်။

ကုမ္ပဏီတစ်ခုတည်းက လွှမ်းမိုးနေပြီဆိုရင် တခြားနည်းလမ်းတွေ ထွက်လာအောင် ခွဲထုတ်ပေးရမယ်၊ တစ်ခုတည်းကို နှစ်ထားတာဟာ အန္တရာယ်ရှိတယ်လို့ ဘာနာလီက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)