အီတလီဆိုင္ရာ ဗာတီကန္ သံ႐ံုးထဲက ေတြ႔ရတဲ့ လူ႐ိုးေတြကို စစ္ေဆးေန

0
917

အီတလီဆိုင္ရာ ဗာတီကန္ သံ႐ံုးထဲမွာ အလုပ္သမားေတြ ေတြ႔ရွိခဲ့တဲ့ လူအ႐ိုးေတြဟာ ၁၉၈၃ ခုႏွစ္က ထူးဆန္းစြာ ေပ်ာက္ဆံုးသြားခဲ့တဲ့ မိန္းကေလးရဲ႕ အ႐ိုးစု ျဖစ္ႏိုင္တယ္လို႔ ခန္႔မွန္းမႈေတြ ရွိၿပီးေနာက္ စံုစမ္းစစ္ေဆးေနပါတယ္။

 

ေရာမရဲ႕ ေက်ာ္ၾကားတဲ့ ဗီလာ ေဘာ္ဂီ ျပတိုက္အနီးရွိ ဗာတီကန္ သံ႐ံုးနဲ႔ တြဲလ်က္ အေဆာက္အအံုကို အလုပ္သမားေတြက ျပင္ဆင္မြမ္းမံစဥ္ ေအာက္တိုဘာ ၂၆ ရက္ေန႔က လူအ႐ိုးအပိုင္းအစေတြ ေတြ႔ရွိခဲ့တာ ျဖစ္တယ္လို႔ ဗာတီကန္ နန္းေတာ္က ေအာက္တိုဘာ ၃၀ ရက္ေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ အီတလီရဲေတြက ဒီအမႈကို စတင္စစ္ေဆးေနၿပီ ျဖစ္ပါတယ္။

၁၉၈၃ ခုႏွစ္မွာ ဗာတီကန္ ဘဏ္လုပ္သားတစ္ဦးရဲ႕ အသက္ ၁၅ ႏွစ္အရြယ္သမီးျဖစ္သူ အီမန္ႏူလာ ေအာ္လန္ဒီ ေပ်ာက္ဆံုးသြားမႈဟာ အီတလီမွာ ေျဖရွင္းႏိုင္ျခင္း မရွိခဲ့တဲ့ ထူးဆန္းမႈ ျဖစ္ေနခဲ့ၿပီး အဲဒီအမႈကို အခု ျပန္လည္ ဖြင့္လိုက္ၿပီ ျဖစ္ပါတယ္။

မႈခင္း ေဆးပညာရွင္ေတြက ေတြ႔ရွိရတဲ့ အ႐ိုးအပိုင္းအစေတြဟာ ေအာ္လန္ဒီရဲ႕ အ႐ိုးေတြ ဟုတ္မဟုတ္ ဆံုးျဖတ္ႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။ ေအာ္လန္ဒီဟာ ဂီတသင္တန္းကေန အိမ္ကိုအျပန္လမ္းမွာ ေပ်ာက္ဆံုးသြားခဲ့တာ ျဖစ္ပါတယ္။ အစိုးရေရွ႕ေနခ်ဳပ္ ဂူဆက္ပီ ပစ္ဂနာတုန္းကေတာ့ မႈခင္းေဆးပညာရွင္ေတြ အေနနဲ႔ အသက္အရြယ္၊ လိင္နဲ႔ ေသဆံုးတဲ့ ကာလကို ဆံုးျဖတ္ေပးဖို႔ ေျပာထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီတလီဆိုင်ရာ ဗာတီကန် သံရုံးထဲက တွေ့ရတဲ့ လူရိုးတွေကို စစ်ဆေးနေ

အီတလီဆိုင်ရာ ဗာတီကန် သံရုံးထဲမှာ အလုပ်သမားတွေ တွေ့ရှိခဲ့တဲ့ လူအရိုးတွေဟာ ၁၉၈၃ ခုနှစ်က ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တဲ့ မိန်းကလေးရဲ့ အရိုးစု ဖြစ်နိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိပြီးနောက် စုံစမ်းစစ်ဆေးနေပါတယ်။

ရောမရဲ့ ကျော်ကြားတဲ့ ဗီလာ ဘော်ဂီ ပြတိုက်အနီးရှိ ဗာတီကန် သံရုံးနဲ့ တွဲလျက် အဆောက်အအုံကို အလုပ်သမားတွေက ပြင်ဆင်မွမ်းမံစဉ် အောက်တိုဘာ ၂၆ ရက်နေ့က လူအရိုးအပိုင်းအစတွေ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဗာတီကန် နန်းတော်က အောက်တိုဘာ ၃၀ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ အီတလီရဲတွေက ဒီအမှုကို စတင် စစ်ဆေးနေပြီ ဖြစ်ပါတယ်။

၁၉၈၃ ခုနှစ်မှာ ဗာတီကန် ဘဏ်လုပ်သားတစ်ဦးရဲ့ အသက် ၁၅ နှစ်အရွယ်သမီးဖြစ်သူ အီမန်နူလာ အော်လန်ဒီ ပျောက်ဆုံးသွားမှုဟာ အီတလီမှာ ဖြေရှင်းနိုင်ခြင်း မရှိခဲ့တဲ့ ထူးဆန်းမှု ဖြစ်နေခဲ့ပြီး အဲဒီအမှုကို အခု ပြန်လည် ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။

မှုခင်း ဆေးပညာရှင်တွေက တွေ့ရှိရတဲ့ အရိုးအပိုင်းအစတွေဟာ အော်လန်ဒီရဲ့ အရိုးတွေ ဟုတ်မဟုတ် ဆုံးဖြတ်နိုင်ဖို့ ကြိုးစားနေပါတယ်။ အော်လန်ဒီဟာ ဂီတသင်တန်းကနေ အိမ်ကိုအပြန် လမ်းမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အစိုးရရှေ့နေချုပ် ဂူဆက်ပီ ပစ်ဂနာတုန်း ကတော့ မှုခင်းဆေးပညာရှင်တွေ အနေနဲ့ အသက်အရွယ်၊ လိင်နဲ့ သေဆုံးတဲ့ ကာလကို ဆုံးဖြတ်ပေးဖို့ ပြောထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)