
0
565




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
သိပ္ပံပညာရှင်တွေ အာကာသကနေ ဝေလငါးတွေကို ရေတွက်

အာကာသပေါ်ကနေ ပင်လယ်သမုဒ္ဒရာထဲက ဝေလငါးတွေ ရေတွက်တာကို ဗြိတိန်နိုင်ငံက သိပ္ပံပညာရှင်တွေက လက်တွေ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဗြိတိသျှ အန္တာတိက လေ့လာရေး (BAS) ရှိ သိပ္ပံပညာရှင်တွေက အာကာသဂြိုဟ်တုကနေ အမြင့်ဆုံး Recolution တွေကို သုံးပြီး ဓာတ်ပုံတွေ ရိုက်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံတွေဟာ ဝေလငါးတွေရဲ့ ထင်ရှားတဲ့ ပုံသဏ္ဍန်နဲ့ ကွဲပြားတဲ့ မျိုးစိတ်တွေကို ခွဲခြားနိုင်လောက်အောင် ကြည်လင် ပြတ်သားပါတယ်။

သိပ္ပံပညာရှင်အဖွဲ့ဟာ မကြာခင်မှာ မြေထဲပင်လယ်ထဲက ဖင်းဝေလငါးတွေကို စတင် ရေတွက်တော့မှာ ဖြစ်ပါတယ်။ ဂြိုဟ်တု ဒေတာတွေကနေတစ်ဆင့် ကွန်ပျူတာ ပရိုဂရမ်ကိုသုံးပြီး အလိုအလျောက် ရှာဖွေမှု ပါဝင်တဲ့ ဒီအသုံးချမှုဟာ ပထမဆုံးပဲ ဖြစ်ပါတယ်။ ကော်စီကာကျွန်း မြောက်ပိုင်း ရေပြင်မှာ သင်္ဘောတွေ ရှောင်တိမ်းသွားလာနိုင်ရေးအတွက် ရေနေသတ္တဝါတွေ ဘယ်လို လှုပ်ရှားသွားလာသလဲဆိုတာ ဒေသအာဏာပိုင်တွေက သိချင်နေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)