ေလထုညစ္ညမ္းမႈေၾကာင့္ ၂၀၁၆ ခုႏွစ္အတြင္း ကေလးငယ္ ၆ သိန္း ေသဆံုးခဲ့ရ

0
197

ေလထုညစ္ညမ္းမႈေၾကာင့္ ၂၀၁၆ ခုႏွစ္အတြင္းမွာ ကေလးသူငယ္ ၆ သိန္းခန္႔ ေသဆုံးခဲ့ရတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) က ေျပာပါတယ္။

အသက္ ၁၅ ႏွစ္ေအာက္ ကေလးသူငယ္ ၉၀ ရာခိုင္ႏႈန္းေက်ာ္ဟာ အလြန္အမင္း ညစ္ညမ္းတဲ့ေလကို ရွဴ႐ိႈက္ေနရၿပီး က်န္းမာေရးနဲ႔ ဖြံ႔ၿဖိဳးမႈအေပၚ ဆိုးရြားတဲ့အႏၲရာယ္ က်ေရာက္ေနေၾကာင္း WHO က သတိေပး ထားပါတယ္။ WHO ရဲ႕ ေလထု အရည္အေသြး သတ္မွတ္ခ်က္ထက္ ျမင့္မားတဲ့ PM 2.5 အမႈန္ပမာဏကို ကမာၻေပၚက အသက္ ၁၅ ႏွစ္ေအာက္ ကေလးသူငယ္ေတြရဲ႕ ၉၃ ရာခိုင္ႏႈန္းက ထိေတြ႔ ႐ွဴ႐ႈိက္ေနရပါတယ္။

ဝင္ေငြနည္းပါးတဲ့ ႏုိင္ငံေတြနဲ႔ ဝင္ေငြ အသင့္အတင့္ရွိတဲ့ နိုင္ငံေတြမွာ ျဖစ္ေပၚေနတဲ့ ေလထုညစ္ညမ္းမႈဟာ ဆိုးရြားလြန္းတဲ့အတြက္ အသက္႐ွဴလမ္းေၾကာင္းပိုင္းဆိုင္ရာ ျပင္းထန္တဲ့ ကူးစက္ေရာဂါေတြရဲ႕ တစ္ဝက္ေက်ာ္ဟာ အဆိပ္သင့္ေနတဲ့ ေလေၾကာင့္ ျဖစ္ရတယ္လို႔ ေဖာ္ျပထားပါတယ္။ ေလထုညစ္ညမ္းမႈ ျမင့္မားတာ ႀကဳံေနရတဲ့ ကေလးေတြအေနနဲ႔ ပန္းနာရင္က်ပ္ေရာဂါ၊ ကေလးဘဝမွာ ျဖစ္တတ္တဲ့ ကင္ဆာေရာဂါေတြ ခံစားရဖို႔ ပိုၿပီး အႏၲရာယ္ရွိေၾကာင္း WHO က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လေထုညစ်ညမ်းမှုကြောင့် ၂၀၁၆ ခုနှစ်အတွင်း ကလေးငယ် ၆ သိန်း သေဆုံးခဲ့ရ

လေထုညစ်ညမ်းမှုကြောင့် ၂၀၁၆ ခုနှစ်အတွင်းမှာ ကလေးသူငယ် ၆ သိန်းခန့် သေဆုံးခဲ့ရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။

အသက် ၁၅ နှစ်အောက် ကလေးသူငယ် ၉၀ ရာခိုင်နှုန်းကျော်ဟာ အလွန်အမင်း ညစ်ညမ်းတဲ့လေကို ရှူရှိုက်နေရပြီး ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုအပေါ် ဆိုးရွားတဲ့အန္တရာယ် ကျရောက်နေကြောင်း WHO က သတိပေး ထားပါတယ်။ WHO ရဲ့ လေထု အရည်အသွေး သတ်မှတ်ချက်ထက် မြင့်မားတဲ့ PM 2.5 အမှုန်ပမာဏကို ကမ္ဘာပေါ်က အသက် ၁၅ နှစ်အောက် ကလေးသူငယ်တွေရဲ့ ၉၃ ရာခိုင်နှုန်းက ထိတွေ့ ရှူရှိုက်နေရပါတယ်။

ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေနဲ့ ဝင်ငွေ အသင့်အတင့်ရှိတဲ့ နိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုဟာ ဆိုးရွားလွန်းတဲ့အတွက် အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ ပြင်းထန်တဲ့ ကူးစက်ရောဂါတွေရဲ့ တစ်ဝက်ကျော်ဟာ အဆိပ်သင့်နေတဲ့ လေကြောင့် ဖြစ်ရတယ်လို့ ဖော်ပြထားပါတယ်။ လေထုညစ်ညမ်းမှု မြင့်မားတာ ကြုံနေရတဲ့ ကလေးတွေအနေနဲ့ ပန်းနာရင်ကျပ်ရောဂါ၊ ကလေးဘဝမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေ ခံစားရဖို့ ပိုပြီး အန္တရာယ်ရှိကြောင်း WHO က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)