
0
188


 



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မက္ကဆီကို နယ်စပ်ကို အမေရိကန် စစ်သည် ၇၀ဝ၀ ထပ်စေလွှတ်မယ်

အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ဟာ လိုအပ်မယ်ဆိုရင် မက္ကဆီကို နယ်စပ်ဆီ စစ်သား ၇၀ဝ၀ ထပ်မံ စေလွှတ်သွားမယ်လို့ ပြောပါတယ်။

အမေရိကန်က မက္ကဆီကိုနယ်စပ်ဆီ စေလွှတ်မယ့် စစ်သည် အရေအတွက်ဟာ အရေအတွက် အပြောင်းအလဲ ရှိလာနိုင်ကြောင်း၊ ကနဦး အနေနဲ့ ၇၀ဝ၀ စေလွှတ်ဖို့ စီစဉ်ထားကြောင်း စစ်ဘက်ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

အမေရိကန်နိုင်ငံထဲကို ဝင်ရောက်ဖို့ အမေရိက အလယ်ပိုင်းမှာ လူအုပ်ကြီးဟာ မက္ကဆီကိုနယ်စပ်ကို ဦးတည်နေတာကြောင့် စစ်သည်တွေ စေလွှတ်ဖို့ စီစဉ်တာ ဖြစ်ပါတယ်။ အမေရိကန် တာဝန်ရှိသူတစ်ဦးက စစ်သည် ၇၀ဝ၀ ထဲက စစ်သည် ၂၀ဝ၀ ဟာ နယ်စပ်ဒေသမှာ အမြဲတမ်း ရှိနေမယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)