
0
344






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နှစ်နိုင်ငံသား ခံယူထားလို့ သြစတြေးလျ အထက်လွှတ်တော် ဥက္ကဋ္ဌ ရာထူးက ထွက်ရမယ်

သြစတြေးလျ အထက်လွှတ်တော် ဥက္ကဋ္ဌ စတီဖင် ပါရီဟာ သြစတြေးလျ နိုင်ငံသားအပြင် ဗြိတိန်နိုင်ငံသားပါ ခံယူထားတာကြောင့် ရာထူးကနေ ထွက်ရဖွယ်ရှိနေပါတယ်။

နိုင်ငံသားနှစ်ခု ခံယူထားသူတွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ တားမြစ်ထားတာကြောင့် ရာထူးကနေ နုတ်ထွက်ပေးရမှာ ဖြစ်ပါတယ်။

သြစတြေးလျ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံးရုံးဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နိုင်ငံသားနှစ်ခု ခံယူထားတဲ့သြစတြေးလျ ဒုတိယဝန်ကြီးချုပ်အပါဝင်နိုင်ငံရေးသမား ၄ ဦးကိုရာထူး ဟာ နုတ်ထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

ဗြိတိန်ပြည်ထဲရေးဝန်ကြီးက အထက်လွတ်တော်ဥက္ကဌ ပါရီဟာ ဗြိတိန်နိုင်ငံသားခံယူထားသူဖြစ်တယ်လို့ ပြောပါတယ်။
သြစတြေးလျအထက်လွတ်တော် ဟာ လွတ်တော်အတွင်းမဲပေးဆုံးဖြတ်ကာ ဥက္ကဌအသစ်ထပ်မံရွေးချယ်သွားဖွယ်ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)