
0
345







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဘေးကို ဂျပန်ဝန်ကြီးချုပ် အဖြစ်လွှတ်တော် ပြန်ရွေးချယ်

ဂျပန် အောက်လွှတ်တော်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၆၅ ဦးအနက် ၃၁၂ ဦးနဲ့ အထက်လွှတ်တော်ရှိ ကိုယ်စားလှယ် ၂၄၂ ဦးအနက် ၁၅၁ ဦးက ရှင်ဇို အာဘေးကို ဝန်ကြီးချုပ်အဖြစ် ပြန်ရွေးချယ်ခဲ့ပါတယ်။

ဂျပန်လွှတ်တော်ဥက္ကဋ္ဌ တာဒါမိုရီ အိုရှိမာက လွှတ်တော်ဟာ အာဘေးကို ဝန်ကြီးချုပ်အဖြစ် ပြန်ရွေးချယ်ခဲ့တယ်လို့ ပြောပါတယ်။
အာဘေးဟာ ဂျပန်နိုင်ငံ စီးပွားရေး ဖွံဖြိုးတိုးတက်ဖို့နဲ့ ကာကွယ်ရေးပိုင်း ပိုမိုကောင်းမွန်အောင် လုပ်ဆောင်မယ်ဆိုတဲ့ ကတိတွေနဲ့အတူ ၂၀၁၂ ခုနှစ်က ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ ဂျပန်ရွေးကောက်ပွဲမှာ အာဘေး ဦးဆောင်တဲ့ လစ်ဘရယ် ဒီမိုကရက်တီ ပါတီဟာ လွှတ်တော်နေရာအများစု အနိုင်ရခဲ့ပါတယ်။
အာဘေးဟာ လက်ရှိအချိန်မှာ သူရဲ့ အစိုးရအဖွဲ့အသစ်ကို ပြန်ဖွဲ့ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)