အေရွ႕အလယ္ပိုင္းရွိ အေမရိကန္ ေလတပ္စခန္းကို တိုက္ခုိက္မယ္လို႔ အီရန္ ကာခ်ဳပ္ ေျပာ

0
316

အီရန္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး မုိဟာမက္အလီ ဂ်ာဖာရီက တုိက္ခိုက္မႈေတြ ရွိလာမယ္ဆုိရင္ အေရွ႕အလယ္ပိုင္းေဒသ အတြင္းက အေမရိကန္ ေလတပ္စခန္းေတြကို တိုက္ခိုက္သြားမွာျဖစ္ၿပီး ကီလိုမီတာ ၂၀၀၀ အထိ ပစ္ခတ္ႏုိင္တဲ့ ဒံုးက်ည္ေတြ ပိုင္ဆုိင္ထားတယ္လို႔ ေျပာလုိက္ပါတယ္။  

အီရန္ႏိုင္ငံရဲ႕ လက္ရွိအေျခေနဟာ  အေမရိကန္ႏုိင္ငံကို ၿခိမ္းေျခာက္ႏုိင္တဲ့ ပံုစံမ်ိဳးမွာ ရွိေနတယ္လို႔ အီရန္ ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာပါတယ္။

အီရန္ႏုိင္ငံအေပၚ ပိတ္ဆုိ႔မႈအသစ္ ခ်မွတ္မႈနဲ႔ ႏ်ဴကလီယား သေဘာတူတူညီခ်က္ စာခ်ဳပ္ေတြနဲ႔ ပတ္သက္ၿပီး အီရန္ႏုိင္ငံနဲ႔ အေမရိကန္      ၾကား ဆက္ဆံေရး တင္းမာမႈေတြ ရွိေနပါတယ္။

အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က သမၼတေဟာင္း အုိဘားမား လက္ထက္ အီရန္နဲ႔ သေဘာတူညီမႈ ရွိထားတဲ့ ႏ်ဴကလီယား သေဘာတူညီမႈစာခ်ဳပ္ကို လက္မခံႏုိင္ဘူးလို႔ ေျပာထားပါတယ္။

လက္ရွိအခ်ိန္မွာ အေမရိကန္လႊတ္ေတာ္ဟာ  အီရန္ႏုိင္ငံကို  ပိတ္ဆုိ႔မႈေတြ ခ်မွတ္ဖို႔ ရက္ေပါင္း ၆၀ အတြင္း ျပန္သံုးသပ္မႈေတြ လုပ္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အရှေ့အလယ်ပိုင်းရှိ အမေရိကန် လေတပ်စခန်းကို တိုက်ခိုက်မယ်လို့ အီရန် ကာချုပ် ပြော

အီရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုဟာမက်အလီ ဂျာဖာရီက တိုက်ခိုက်မှုတွေ ရှိလာမယ်ဆိုရင် အရှေ့အလယ်ပိုင်းဒေသ အတွင်းက အမေရိကန် လေတပ်စခန်းတွေကို တိုက်ခိုက်သွားမှာဖြစ်ပြီး ကီလိုမီတာ ၂၀ဝ၀ အထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ ပိုင်ဆိုင်ထားတယ်လို့ ပြောလိုက်ပါတယ်။

အီရန်နိုင်ငံရဲ့ လက်ရှိအခြေနေဟာ အမေရိကန်နိုင်ငံကို ခြိမ်းခြောက်နိုင်တဲ့ ပုံစံမျိုးမှာ ရှိနေတယ်လို့ အီရန် ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။ အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုအသစ် ချမှတ်မှုနဲ့ နျူကလီယား သဘောတူတူညီချက် စာချုပ်တွေနဲ့ ပတ်သက်ပြီး အီရန်နိုင်ငံနဲ့ အမေရိကန်ကြား ဆက်ဆံရေး တင်းမာမှုတွေ ရှိနေပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က သမ္မတဟောင်း အိုဘားမား လက်ထက် အီရန်နဲ့ သဘောတူညီမှု ရှိထားတဲ့ နျူကလီယား သဘောတူညီမှုစာချုပ်ကို လက်မခံနိုင်ဘူးလို့ ပြောထားပါတယ်။ လက်ရှိအချိန်မှာ အမေရိကန်လွှတ်တော်ဟာ အီရန်နိုင်ငံကို ပိတ်ဆို့မှုတွေ ချမှတ်ဖို့ ရက်ပေါင်း ၆၀ အတွင်း ပြန်သုံးသပ်မှုတွေ လုပ်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)