ေျမာက္ကိုရီးယားကို ႏ်ဴကလီယားပိုင္ ႏုိင္ငံအျဖစ္ ေတာင္ကိုရီးယား အသိအမွတ္ မျပဳ

0
303

 

ေျမာက္ကိုရီးယားႏုိင္ငံကို ႏ်ဴကလီယား ပိုင္ဆုိင္တဲ့ႏိုင္ငံ တစ္ႏုိင္ငံအျဖစ္ အသိမွတ္ မျပဳဘူးလို႔ ေတာင္ကိုရီးယား သမၼတ မြန္ေဂ်အင္းက ေျပာပါတယ္။

တ႐ုတ္ႏုိင္ငံဟာ ကိုရီးယားကၽြန္းဆြယ္မွာ ႏ်ဴကလီယား ကင္းစင္မႈရွိေအာင္ ပူးေပါင္းေဆာင္ရြက္မယ္လို႔ ကတိျပဳလုိက္ၿပီးေနာက္ ေတာင္ကိုရီးယား သမၼတက အခုလို ေျပာလိုက္တာပါ။

အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္ရဲ႕ အာရွခရီးစဥ္ မတုိင္မီ ေျမာက္ကိုရီးယားရဲ႕ ႏ်ဴကလီယား ပိုင္ဆုိင္မႈ ျပႆနာဟာ အျငင္းပြားဖြယ္ေတြ ရွိေနပါတယ္။

ေတာင္ကိုရီးယား သမၼတက  ကိုရီးယားကၽြန္းဆြယ္မွာ စစ္ေရးေဆာင္ရြက္မႈေတြ လုပ္ေဆာင္မွာ မဟုတ္ဘဲ  ၿငိမ္းခ်မ္းေရးရေအာင္ ေဆာင္ရြက္မယ္လို႔ ေျပာခဲ့ပါတယ္။

ေတာင္ကိုရီးယား သမၼတက လံုၿခံဳေရးနဲ႔ ပတ္သက္လို႔ အေရးႀကီးတဲ့အခ်ိန္ကို ေရာက္ရွိေနတာေၾကာင့္ စီစဥ္ေဆာင္ရြက္မႈေတြ လုပ္ေနၿပီး ကိုရီးယား ကၽြန္းဆြယ္မွာ ၿငိမ္းခ်မ္းမႈ ရဖို႔ ဆက္လက္ေဆာင္ရြက္မယ္လို႔ ေျပာခဲ့ပါတယ္။  

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားကို နျူကလီယားပိုင် နိုင်ငံအဖြစ် တောင်ကိုရီးယား အသိအမှတ် မပြု

မြောက်ကိုရီးယားနိုင်ငံကို နျူကလီယား ပိုင်ဆိုင်တဲ့နိုင်ငံ တစ်နိုင်ငံအဖြစ် အသိမှတ် မပြုဘူးလို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက ပြောပါတယ်။

တရုတ်နိုင်ငံဟာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီယား ကင်းစင်မှုရှိအောင် ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပြုလိုက်ပြီးနောက် တောင်ကိုရီးယား သမ္မတက အခုလို ပြောလိုက်တာပါ။

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ အာရှခရီးစဉ် မတိုင်မီ မြောက်ကိုရီးယားရဲ့ နျူကလီယား ပိုင်ဆိုင်မှု ပြဿနာဟာ အငြင်းပွားဖွယ်တွေ ရှိနေပါတယ်။

တောင်ကိုရီးယား သမ္မတက ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးဆောင်ရွက်မှုတွေ လုပ်ဆောင်မှာ မဟုတ်ဘဲ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်မယ်လို့ ပြောခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတက လုံခြုံရေးနဲ့ ပတ်သက်လို့ အရေးကြီးတဲ့အချိန်ကို ရောက်ရှိနေတာကြောင့် စီစဉ်ဆောင်ရွက်မှုတွေ လုပ်နေပြီး ကိုရီးယား ကျွန်းဆွယ်မှာ ငြိမ်းချမ်းမှု ရဖို့ ဆက်လက်ဆောင်ရွက်မယ်လို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)