နယူးေယာက္မွာ လူအုပ္ထဲ ကားနဲ႔ ဝင္တိုက္၊ ၈ ဦးေသ

0
335

အေမရိကန္၊ နယူးေယာက္ၿမိဳ႕မွာ လမ္းေလွ်ာက္ေနတဲ့ လူအုပ္ထဲ ကားနဲ႔ ဝင္တိုက္မႈေၾကာင့္ အနည္းဆံုး ၈ ဦး ေသဆံုးၿပီး တစ္ဒါဇင္ေက်ာ္ ဒဏ္ရာ ရရွိသြားပါတယ္။

ကမာၻ႔ကုန္သြယ္ေရး စင္တာသစ္ အနီးမွာ ထရပ္ကားက စက္ဘီးလမ္းေၾကာင္းထဲ ဝင္လာၿပီး လူေတြကို တိုက္တာျဖစ္တယ္လို႔ ရဲက ေျပာပါတယ္။ ေက်ာင္းကားေလး တစ္စီးကိုလည္း အဲဒီ ထရပ္ကားက ဝင္တိုက္မိပါေသးတယ္။

ထရပ္ကားထဲက ေသနတ္အတုကိုင္ၿပီး ခုန္ထြက္လာတဲ့ အသက္ ၂၉ ႏွစ္အရြယ္ ကားသမားကို ရဲက ပစ္ခတ္ဖမ္းဆီးထားပါတယ္။ အဲဒီ အၾကမ္းဖက္သမားဟာ ဖေလာ္ရီဒါျပည္နယ္၊ တမ္ပါက ေဆဖူလို ဟာဘီဘူလာအီဗစ္ ျဖစ္ပါတယ္။
…………………. ။ ။ …………………….
နယူးယောက်မှာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်၊ ၈ ဦးသေ

အမေရိကန်၊ နယူးယောက်မြို့မှာ လမ်းလျှောက်နေတဲ့ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်မှုကြောင့် အနည်းဆုံး ၈ ဦး သေဆုံးပြီး တစ်ဒါဇင်ကျော် ဒဏ်ရာ ရရှိသွားပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေး စင်တာသစ် အနီးမှာ ထရပ်ကားက စက်ဘီးလမ်းကြောင်းထဲ ဝင်လာပြီး လူတွေကို တိုက်တာဖြစ်တယ်လို့ ရဲက ပြောပါတယ်။ ကျောင်းကားလေး တစ်စီးကိုလည်း အဲဒီ ထရပ်ကားက ဝင်တိုက်မိပါသေးတယ်။

ထရပ်ကားထဲက သေနတ်အတုကိုင်ပြီး ခုန်ထွက်လာတဲ့ အသက် ၂၉ နှစ်အရွယ် ကားသမားကို ရဲက ပစ်ခတ်ဖမ်းဆီးထားပါတယ်။ အဲဒီ အကြမ်းဖက်သမားဟာ ဖလော်ရီဒါပြည်နယ်၊ တမ်ပါက ဆေဖူလို ဟာဘီဘူလာအီဗစ် ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)