
0
351




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မန်ယူအသင်း အိမ်ကွင်းမှာ ၃၈ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်ရယူနိုင်ခဲ့

မန်ယူအသင်းဟာ အိမ်ကွင်းမှာ ၃၈ ပွဲ ဆက်တိုက် ရှုံးပွဲမရှိတဲ့ စံချိန်သစ်တစ်ရပ်ကို တင်နိုင်ခဲ့ပါတယ်။

မန်ယူဟာ ဘင် ဖီကာကို အိမ်ကွင်းမှာ အနိုင်ရခဲ့ပြီးနောက် အိမ်ကွင်းမှာ ၃၈ ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ စံချိန်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ယူနည်းပြ မော်ရင်ဟိုဟာ ၂၀၁၆ ခုနှစ် စက်တင်ဘာမှာ မန်ယူအသင်း နည်းပြအဖြစ် စတင်တာဝန်ယူခဲ့ပြီး သူတာဝန်ယူတဲ့ ကာလအတွင်း မန်ယူအသင်းဟာ ပြိုင်ပွဲအရပ်ရပ်မှာ အိမ်ကွင်း ရှုံးပွဲတစ်ပွဲသာ ရှိခဲ့ပါတယ်။

မန်ယူအသင်းဟာ နည်းပြမော်ရင်ဟို လက်ထက်အတွင်း အိမ်ကွင်းမှာ နိုင်ပွဲ ၂၇ ပွဲနဲ့ သရေပွဲ ၁၁ ပွဲ ရှိခဲ့ပါတယ်။ အောက်တိုဘာ ၃၁ ညပိုင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ယူအသင်းက ဘင်ဖီကာကို ၂ ဂိုးပြတ်နဲ့ အနိုင်ရမှုကြောင့် ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို တက်ရောက်ဖို့ သေချာနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)