ဂ်ပန္မွာ အင္အားျပင္းမုန္တုိင္း တုိက္ခိုက္မႈေၾကာင့္ လူေသဆံုးမႈမ်ား ရွိလာ

0
1526

ဂ်ပန္ႏုိင္ငံမွာ စက္တင္ဘာ ၂၉ ရက္ေန႔က အင္အားျပင္းမုန္တုိင္း တုိက္ခတ္ခဲ့မႈေၾကာင့္ လူႏွစ္ဦး ေသဆံုးသြားခဲ့ပါတယ္။

အင္အားျပင္းမုန္တုိင္းဟာ စက္တင္ဘာ ၃၀ ရက္ေန႔က အုိစာကာၿမိဳ႕ အေနာက္ပိုင္းအနီးကို တုိက္ခတ္ခဲ့ၿပီး တစ္နာရီ ၁၃၄ မုိင္ႏႈန္းနဲ႔ တုိက္ခတ္ခဲ့တာပါ၊

မုန္တုိင္းေၾကာင့္ ေလေၾကာင္းခရီးစဥ္၊ ရထား ခရီးစဥ္ အမ်ားအျပား ဖ်က္သိမ္းခဲ့ရၿပီး အိမ္ေျခ ၁ သန္းနီးပါး လွ်ပ္စစ္မီး ျပတ္ေတာက္ခဲ့ပါတယ္။ မုန္တုိင္းေၾကာင့္ ေအာက္တုိဘာ ၁ ရက္ေန႔အထိ လူေပါင္း ၁၂၀ ဦး ဒဏ္ရာရသြားခဲ့ေၾကာင္း ဂ်ပန္ အာဏာပိုင္ေတြ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်မှာ အင်အားပြင်းမုန်တိုင်း တိုက်ခိုက်မှုကြောင့် လူသေဆုံးမှုများ ရှိလာ

ဂျပန်နိုင်ငံမှာ စက်တင်ဘာ ၂၉ ရက်နေ့က အင်အားပြင်း မုန်တိုင်း တိုက်ခတ်ခဲ့မှုကြောင့် လူ နှစ်ဦး သေဆုံးသွားခဲ့ပါတယ်။

အင်အားပြင်းမုန်တိုင်းဟာ စက်တင်ဘာ ၃၀ ရက်နေ့က အိုစာကာမြို့ အနောက်ပိုင်း အနီးကို တိုက်ခတ်ခဲ့ပြီး တစ်နာရီ ၁၃၄ မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့တာပါ၊

မုန်တိုင်းကြောင့် လေကြောင်းခရီးစဉ်၊ ရထား ခရီးစဉ် အများအပြား ဖျက်သိမ်းခဲ့ရပြီး အိမ်ခြေ ၁ သန်းနီးပါး လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် အောက်တိုဘာ ၁ ရက်နေ့အထိ လူပေါင်း ၁၂၀ ဦး ဒဏ်ရာရသွားခဲ့ကြောင်း ဂျပန် အာဏာပိုင်တွေ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)