နာမည္ခ်င္း ဆင္တူ႐ိုးမွားျဖစ္ေနတဲ့ အိႏၵိယ ေကာ္ဖီဆိုင္ေတြ အမည္ေျပာင္းဖို႔ Starbucks ဖိအားေပး

0
176

အိႏၵိယႏိုင္ငံ၊ နယူးေဒလီၿမိဳ႕မွာ ဖြင့္ထားတဲ့ ေကာ္ဖီဆိုင္ခြဲေတြမွာ အမွတ္တံဆိပ္နာမည္က ဆင္တူ႐ိုးမွားျဖစ္ေနလို႔ အမည္ေျပာင္းေပးဖို႔ အေမရိကန္အေျခစိုက္ စတားဘက္ခ္ (Starbucks) ေကာ္ဖီက ဖိအားေပးေနပါတယ္။

နယူးေဒလီမွာ သက္တမ္း သံုးႏွစ္ရွိၿပီး ဆိုင္ခြဲ ၂၀ ေက်ာ္ ရွိေနၿပီ ျဖစ္တဲ့ ေကာ္ဖီဆိုင္နာမည္က ဆာဒါဘက္ရွ္ (SardarBuksh) ျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံ၊ ဆီယက္တဲလ္ အေျခစိုက္ Starbucks ကုမၸဏီက နာမည္ခ်င္း ဆင္တူ႐ိုးမွား ျဖစ္ေနတယ္ဆိုၿပီး ေဒလီတရား႐ံုးမွာ တရားစြဲခဲ့တာ ျဖစ္ပါတယ္။

အိႏၵိယ ဆာဒါဘက္ရွ္ က ထုတ္တဲ့ ေကာ္ဖီက ကမာၻေက်ာ္ Starbucks ေကာ္ဖီထက္ ေစ်းအမ်ားႀကီး ခ်ိဳသာပါတယ္။ တရားစြဲခံရၿပီးေနာက္ ဆာဒါဘက္ရွ္ ေကာ္ဖီက ဆာဒါဂ်ီး-ဘက္ရွ္ (Sardarji-Baksh) လို႔ အမည္ေျပာင္းဖို႔ သေဘာတူခဲ့ၿပီး ႏွစ္လအတြင္း အမည္ေျပာင္းတာေတြ အၿပီးလုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နာမည်ချင်း ဆင်တူရိုးမှားဖြစ်နေတဲ့ အိန္ဒိယ ကော်ဖီဆိုင်တွေ အမည်ပြောင်းဖို့ Starbucks ဖိအားပေး

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ဖွင့်ထားတဲ့ ကော်ဖီဆိုင်ခွဲတွေမှာ အမှတ်တံဆိပ်နာမည်က ဆင်တူရိုးမှားဖြစ်နေလို့ အမည်ပြောင်းပေးဖို့ အမေရိကန်အခြေစိုက် စတားဘက်ခ် (Starbucks) ကော်ဖီက ဖိအားပေးနေပါတယ်။

နယူးဒေလီမှာ သက်တမ်း သုံးနှစ်ရှိပြီး ဆိုင်ခွဲ ၂၀ ကျော် ရှိနေပြီ ဖြစ်တဲ့ ကော်ဖီဆိုင်နာမည်က ဆာဒါဘက်ရှ် (SardarBuksh) ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ဆီယက်တဲလ် အခြေစိုက် Starbucks ကုမ္ပဏီက နာမည်ချင်း ဆင်တူရိုးမှား ဖြစ်နေတယ်ဆိုပြီး ဒေလီတရားရုံးမှာ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယ ဆာဒါဘက်ရှ် က ထုတ်တဲ့ ကော်ဖီက ကမ္ဘာကျော် Starbucks ကော်ဖီထက် ဈေးအများကြီး ချိုသာပါတယ်။ တရားစွဲခံရပြီးနောက် ဆာဒါဘက်ရှ် ကော်ဖီက ဆာဒါဂျီး-ဘက်ရှ် (Sardarji-Baksh) လို့ အမည်ပြောင်းဖို့ သဘောတူခဲ့ပြီး နှစ်လအတွင်း အမည်ပြောင်းတာတွေ အပြီးလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)