ပါကစၥတန္ ကက္ရွ္မီးယား အုပ္ခ်ဳပ္ေရးမွဴး ရဟတ္ယာဥ္ကို အိႏၵိယတပ္ဖြဲ႔ ပစ္ခတ္

0
163

အိႏၵိယက တပ္ဖြဲ႔ေတြက မေန႔ စက္တင္ဘာ ၃၀ မွာ အျငင္းပြားေနတဲ့ ထိန္းခ်ဳပ္မ်ဥ္းကို ေက်ာ္ၿပီး သူ႔ရဲ႕ ရဟတ္ယာဥ္ကို ပစ္ခတ္ခဲ့တယ္လို႔ ပါကစၥတန္အုပ္ခ်ဳပ္တဲ့ ကက္ရွ္မီးယား ေဒသအႀကီးအကဲက ေျပာပါတယ္။

အိႏၵိယ စစ္တပ္က သူ႔ရဲ႕ အရပ္ဖက္သံုး ရဟတ္ယာဥ္ကို ေလပိုင္နက္ ေက်ာ္လြန္ၿပီး ပစ္ခတ္ခဲ့တယ္လို႔ အာဇတ္ ကက္ရွ္မီးယား ဝန္ႀကီးခ်ဳပ္ ဖာရြတ္ေဟဒါခန္းရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ပါကစၥတန္ ေလပိုင္နက္ထဲမွာ ပ်ံသန္းေနစဥ္ အပစ္ခံရတာ ျဖစ္တယ္လို႔ ခန္းက ေျပာခဲ့ပါတယ္။

အိႏၵိယ စစ္တပ္ ေျပာခြင့္ရသူ ဒုတိယ ဗိုလ္မွဴးႀကီး ဒီဗန္ဒါ အာနတ္က အိႏၵိယတပ္ဖြဲ႔ေတြဟာ စက္တင္ဘာ ၃၀ ရက္ေန႔မွာ ရဟတ္ယာဥ္ တစ္စင္းကို ပစ္ခတ္ခဲ့တာ မွန္တယ္လို႔ အတည္ျပဳၿပီး ရဟတ္ယာဥ္ဟာ အိႏၵိယေလပိုင္နက္ထဲကို ဝင္ခဲ့တယ္လို႔ တံု႔ျပန္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပါကစ္စတန် ကက်ရှ်မီးယား အုပ်ချုပ်ရေးမှူး ရဟတ်ယာဉ်ကို အိန္ဒိယ တပ်ဖွဲ့ ပစ်ခတ်

အိန္ဒိယက တပ်ဖွဲ့တွေက မနေ့ စက်တင်ဘာ ၃၀ မှာ အငြင်းပွားနေတဲ့ ထိန်းချုပ်မျဉ်းကို ကျော်ပြီး သူ့ရဲ့ ရဟတ်ယာဉ်ကို ပစ်ခတ်ခဲ့တယ်လို့ ပါကစ္စတန်အုပ်ချုပ်တဲ့ ကက်ရှ်မီးယား ဒေသအကြီးအကဲက ပြောပါတယ်။

အိန္ဒိယ စစ်တပ်က သူ့ရဲ့ အရပ်ဖက်သုံး ရဟတ်ယာဉ်ကို လေပိုင်နက် ကျော်လွန်ပြီး ပစ်ခတ်ခဲ့တယ်လို့ အာဇတ် ကက်ရှ်မီးယား ဝန်ကြီးချုပ် ဖာရွတ်ဟေဒါခန်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပါကစ္စတန် လေပိုင်နက်ထဲမှာ ပျံသန်းနေစဉ် အပစ်ခံရတာ ဖြစ်တယ်လို့ ခန်းက ပြောခဲ့ပါတယ်။

အိန္ဒိယ စစ်တပ် ပြောခွင့်ရသူ ဒုတိယ ဗိုလ်မှူးကြီး ဒီဗန်ဒါ အာနတ်က အိန္ဒိယတပ်ဖွဲ့တွေဟာ စက်တင်ဘာ ၃၀ ရက်နေ့မှာ ရဟတ်ယာဉ် တစ်စင်းကို ပစ်ခတ်ခဲ့တာ မှန်တယ်လို့ အတည်ပြုပြီး ရဟတ်ယာဉ်ဟာ အိန္ဒိယလေပိုင်နက်ထဲကို ဝင်ခဲ့တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)