လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္မႈကို ဆန္႔က်င္ေျပာတဲ့ အီဂ်စ္သ႐ုပ္ေဆာင္ ေထာင္ ၂ ႏွစ္က်

0
268

အီဂ်စ္သ႐ုပ္ေဆာင္နဲ႔ တက္ၾကြလႈပ္ရွားသူ ေအမယ္ဖာသီဟာ လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာင့္ယွက္မႈေတြကို ဆန္႔က်င္ ေျပာၾကားထားတဲ့ ဗီဒီယိုဖိုင္ Facebook ေပၚမွာ တင္ခဲ့တဲ့အတြက္ ဖမ္းဆီးခံရၿပီး ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခံလိုက္ရပါတယ္။

ေအမယ္ဟာ အီဂ်စ္ႏိုင္ငံမွာ အမ်ိဳးသမီးေတြအေပၚ ျပဳမႈဆက္ဆံပံုနဲ႔ ပတ္သက္လို႔ ေဝဖန္တဲ့အတြက္ ဒီႏွစ္အတြင္း ဒုတိယေျမာက္ ေထာင္ဒဏ္ခ်မွတ္ခံရသူ ျဖစ္ပါတယ္။ အမ်ားျပည္သူကို ေစာ္ကားမႈ၊ သတင္းမွား ျဖန္႔ခ်ိမႈ၊ ညစ္ညမ္း ပစၥည္း လက္ဝယ္ထားမႈ စြဲခ်က္ေတြနဲ႔ ေအမယ္ကို ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္တာ ျဖစ္ပါတယ္။

ဘဏ္ကို သြားစဥ္ သူ လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာက္ယွက္ခံရတာကို ေအမယ္က ဗီဒီယိုဖိုင္ထဲမွာ အေသးစိတ္ေျပာခဲ့တာ ျဖစ္ပါတယ္။ ႏိုင္ငံတကာ လြတ္ၿငိမ္းသားခြင့္ အဖြဲ႔အပါအဝင္ လူ႔အခြင့္အေရး အဖြဲ႔ေတြက ဒါဟာ အီဂ်စ္ႏို္င္ငံအတြင္း ႏိုင္ငံေရးဖိႏွိပ္မႈနဲ႔ အမ်ိဳးသမီးေတြအေပၚ ခြဲျခားဆက္ဆံမႈ နမူနာျဖစ္တယ္လို႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ဆန့်ကျင်ပြောတဲ့ အီဂျစ်သရုပ်ဆောင် ထောင် ၂ နှစ်ကျ

အီဂျစ်သရုပ်ဆောင်နဲ့ တက်ကြွလှုပ်ရှားသူ အေမယ်ဖာသီဟာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေကို ဆန့်ကျင် ပြောကြားထားတဲ့ ဗီဒီယိုဖိုင် Facebook ပေါ်မှာ တင်ခဲ့တဲ့အတွက် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံလိုက်ရပါတယ်။

အေမယ်ဟာ အီဂျစ်နိုင်ငံမှာ အမျိုးသမီးတွေအပေါ် ပြုမှုဆက်ဆံပုံနဲ့ ပတ်သက်လို့ ဝေဖန်တဲ့အတွက် ဒီနှစ်အတွင်း ဒုတိယမြောက် ထောင်ဒဏ်ချမှတ်ခံရသူ ဖြစ်ပါတယ်။ အများပြည်သူကို စော်ကားမှု၊ သတင်းမှား ဖြန့်ချိမှု၊ ညစ်ညမ်း ပစ္စည်း လက်ဝယ်ထားမှု စွဲချက်တွေနဲ့ အေမယ်ကို ထောင်ဒဏ် ၂ နှစ် ချမှတ်တာ ဖြစ်ပါတယ်။

ဘဏ်ကို သွားစဉ် သူ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခံရတာကို အေမယ်က ဗီဒီယိုဖိုင်ထဲမှာ အသေးစိတ်ပြောခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းသားခွင့် အဖွဲ့အပါအဝင် လူ့အခွင့်အရေး အဖွဲ့တွေက ဒါဟာ အီဂျစ်နိ်ုင်ငံအတွင်း နိုင်ငံရေးဖိနှိပ်မှုနဲ့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု နမူနာဖြစ်တယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)