ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘူတိုကို လုပ်ကြံခဲ့သူ နှစ်ဦးကို ထောင်ဒဏ် ၁၇ နှစ် ပြစ်ဒဏ်ပေး

0
302

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို လုပ်ကြံခံရမှုနဲ့ ပတ်သက်လို့ သံသယရှိတဲ့ တရားခံတွေကို ၁၀ နှစ်နီးပါးကြာ စုံစမ်းစစ်ဆေးပြီးနောက်  ထောင်ဒဏ် ၁၇ နှစ် ပြစ်ဒဏ်ပေးလိုက်ပါတယ်။

ဘနာဇီယာ ဘူတိုဟာ ၂၀၀၇ ခုနှစ်က လုပ်ကြံခံရတာဖြစ်ပြီး လုပ်ကြံမှုအတွက် ရဲအရာရှိ နှစ်ဦးအပြင်  စစ်သွေးကြွအဖွဲ့တွေနဲ့ ဆက်နွယ်တဲ့ သံသယရှိသူ ၅ ဦးကို ဖမ်းဆီးခဲ့ပြီး စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။

ပါကစ္စတန် အကြမ်းဖက် တိုက်ဖျက်ရေး တရားရုံးဟာ တာလီဘန်စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူ ၅ ဦးကို တရားသေ လွှတ်ပေးခဲ့ပေမယ့် ရဲအရာရှိနှစ်ဦးကို ထောင်ဒဏ်ပေးဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

ပါကစ္စတန် အကြမ်းဖက်တိုက်ဖျက်ရေး တရားရုံးဟာ ဝန်ကြီးချုပ်ဟောင်း ဘူတို လုပ်ကြံခံရချိန်မှာ သမ္မတအဖြစ် တာဝန်ယူနေတဲ့ ပါဗက် မူရှာရက်ဗ်ကိုလည်း ဝရမ်းပြေးအဖြစ် ကြေညာခဲ့ပြီး သူကိုဖမ်းဆီးဖို့နဲ့ သူရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)