ဆန်ဖရန်စစ္စကိုရှိ  ရုရှားအတိုင်ပင်ခံရုံး ပိတ်ဖို့ အမေရိကန် အမိန့်ပေး

0
264

အမေရိကန်နိုင်ငံ၊  ဆန်ဖရန်ဆစ္စကိုမြို့ရှိ ရုရှားအတိုင်ပင်ခံရုံးကို ပိတ်သိမ်းဖို့ အမိန့်ပေးလိုက်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ရုရှားနိုင်ငံဟာ ပြီးခဲ့တဲ့လ သူနိုင်ငံအတွင်းမှာရှိတဲ့ အမေရိကန် သံတမန် အရေအတွက်ကို လျှော့ချဖို့ အမိန့်ထုတ်ပြန်ပြီးနောက် အမေရိကန်နိုင်ငံက ရုရှားနိုင်ငံအပေါ် အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တာဝန်ယူပြီးနောက် အမေရိကန်နဲ့ ရုရုားနိုင်ငံတို့ဟာ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်မယ်လို့ ပြောခဲ့ပေမယ့် နှစ်နိုင်ငံကြား အဖုအထစ်တွေ ရှိလာခဲ့ပါတယ်။

အမေရိကန်လွှတ်တော်က ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုအသစ် ချမှတ်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ရုရှားနိုင်ငံက သူနိုင်ငံအတွင်းမှာရှိတဲ့ အမေရိကန် သံတမန်ဦးရေ တစ်ဝက် လျှော့ခဲ့ရာ ရုရှားနိုင်ငံအတွင်း အမေရိကန် သံတမန်ဦးရေ ၄၅၅ ဦးသာ ရှိပါတော့တယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)